Episode.1

6.2K 536 25
                                    

(Zawgyi)

*Authorလေးရဲ့ crush*

::::::::::::::: ပထမဆုံး တွေ့ဆုံခြင်း :::::::::::::::::

ကောင်လေးနဲ့ ကောင်မလေးတို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေတဲ့ လမ်းလေးတစ်ခုမှာ Cherryပန်းပွင့်လေးတွေ အပြိုင်အဆိုင် မြေပြင်ပေါ် ခုန်ဆင်းနေသည်က ပန်းမိုးတွေ ရွာနေသည့်အလား . . .

လေတစ်ချက်ဝှေ့တိုင်း လွှင့်ပျံနေတဲ့ ဆံနွယ်ရှည်လေးတွေကြားမှာ Cherryပန်းဖတ်လေးလည်း အတူတူ လေထဲ လွှင့်မျောနေသည် . . .

ကောင်မလေး ဆံပင်ထက်မှာ ကပ်နေတဲ့ Cherryပန်းဖတ်လေးကို ကောင်လေးက ဖယ်ပေးကာ နဖူးလေးထက်ကို အနမ်းလေး ခြွေလိုက်တော့ ကောင်မလေးကလည်း အလိုက်သင့် မျက်လုံးလေး မှိတ်ကာ ခံယူနေခဲ့တယ် . . . . .

'ကို . . ပြန်လာတယ်နော်'

'ကျေးဇူးပဲ ချယ်ရီ . . အခုလို ယုံကြည်စွာ စောင့်နေပေးလို့ . . . '

'ချယ်ရီဆီကို ကို ပြန်လာမယ်ဆိုတာ ယုံပြီးသားပါ . . . .'

'အရမ်းချစ်တယ် . . ချယ်ရီ'

'သိပ်ချစ်တယ် . . ကို'

စစ်မှန်တဲ့ ချစ်ခြင်းတရားမှာ ပေါင်းစည်းဖို့အတွက် ခက်ခဲတဲ့ အတားအဆီးတွေ ရှိခဲ့ပေမဲ့ ယုံကြည်မှု သစ္စာတရားတွေ ခိုင်မြဲနေရင် လှပတဲ့ အချစ်တွေနဲ့ ပေါင်းစည်းခွင့် ရစမြဲပါ

©©©©©©©© THE END ©©©©©©©©

'ဝိုးးး . . ဝိုးးးးး လှလိုက်တဲ့ အဆုံးသတ်လေးး . . '

ဖတ်နေရင်း chenက ချီးကျူးလိုက်တော့ kyung sooတစ်ယောက် ကော်လံတွေ ဘာတွေ ထောင်ကာ . . .

'ဒါပေါ့ D.O.nutဆိုတဲ့ author နာမည်ဖြစ်လာဖို့ ဒီလောက်တော့ တော်ရမယ်လေ'

'D.O.nutဆိုတဲ့ သူကပဲ တော်တာပါ . . Do Kyung Sooဆိုတဲ့သူကတော့ ငကြောက်'

'wae????? ငါက ဘာဖြစ်နေလို့လဲ . . . D.O.nutနဲ့ ငါက တစ်ယောက်တည်းပဲလေ . . မင်း ခေါင်းထိနေတာလား Puppy Baek'

gameဆော့နေတဲ့ baekhyunဆီကို kyung soo သူပိုက်ထားတဲ့ ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်တော့ . . .

baek:: 'Yar!!!! . . . ပင်ဂွင်းပေါက် . . မင်းကြောင့် ငါရှုံးသွားပြီ'

chen:: ' baekhyunဟြေတာ မှန်တယ် . . kyung soo ဘယ်အချိန်ထိ ဒီလို နေနေမှာလဲ'

Authorလေးရဲ့ crush || COMPLETED || Where stories live. Discover now