မျက်​လုံး​ထောင့်​နားက မျက်​ရည်​ပူများ ကျဆင်းပြန်​သည်​ ...
မျက်​ရည်​များကျရင်း ကျရင်းနှင့်​ပင်
Jongin အိပ်​​ပျော်​သွားသည်​ ...

✂ ✂ ✂

Kyungsoo အိမ်​ပြန်​​ရောက်​​တော့
သူ့အခန်းထဲ NiNi ​ရောက်​​နေတာ
ကြောင့်​ လူက အလိုလို ကုတင်​ ​ဘေးနား ရပ်​မိ ပြီး​နေပြီ ...

သိပ်​ချစ်​ရ​သော က​လေး​လေး
နဖူး​ပေါ် အနမ်း​လေး
တစ်​ပွင့်​လည်း ​ခြွေမိရက်​သား ....
ဪ ... သူ့ ခန္ဓာကိုယ်​ ကလည်း
ဒီလူသားအတွက်​ အရာရာ အဆင်​သင့်​ ပဲ ဖြစ်​လို့ ​နေခဲ့သည်​ ...

Kyungsoo ​ရေ​နွေး​နွေး​လေးနဲ့ ​ရေချိုးပြီး ​အဝတ်​အစားလဲ ပြီးသည်
အထိ Jongin မနိုး​သေး ...
အများကြီး ငိုလိုက်​တယ်​ထင်​တယ်
အိမ်​​မောကျ​နေတာ​တောင်
ရှိုက်​သံ​လေး​တွေ ကြား​နေရသည်​ ..

Hyung ချစ်​ရတဲ့ က​လေး​လေး....

Kyungsoo မနိုးရက်​ပါ ...
သို့​သော်​လည်း ညစာ စားချိန်​​ကျော်​​နေပြီမို့ မနိုးချင်​လည်း နိုးရ​တော့မည်​ ...

မနိုးခင်​ မျက်​နှာထားကို ပြန်​တည်​လိုက်​သည်​ ...
ဒီက​လေး ​ရှေ့မှာ တင်းမာမှု​တွေ
ပြရတာ Kyungsoo အတွက်​​တော့ အလွန်​ခက်​ခဲ​သော အမူအရာ ...

"Jongin ထ​တော့ "

"Hyung ... Hyung ပြန်​လာပြီလား NiNi ​စောင့်​ရင်း
အိပ်​​ပျော်​သွားတယ်​ ... ​တောင်းပန်​ပါတယ်​ Hyung ​နော်​ ​နော်
ဒီတစ်​ခါ​လေး ပဲ ခွင့်​လွှတ်​ပါ​နော်
နောက်​တကယ်​ကို မလုပ်​​တော့ပါဘူး .. "

"ထမင်းစားမယ်​ ဆင်းလာခဲ့ "

"Nae "

Jongin ကိုယ့်​အပြစ်​ကိုယ်
သိတာမို့ မချွဲရဲ ... Kyungsoo
နောက်​က​နေ ငြိမ်​ငြိမ်​က​လေး
လိုက်​သွားသည်​ ...

မီးဖိုထဲ​ရောက်​​တော့ ထမင်းပွဲပြင်​ဆင်​ သူက Kyungsoo ...
Jongin က နဂို ကတည်းက
ဘာမှ မလုပ်​တတ်​တာမို့
ထိုင်​ခုံ မှာ ငြိမ်​ငြိမ်​​လေး ထိုင်​​နေသည်​ ...

စိတ်​ထဲတွင်​​တော့ .. ဝမ်းနည်း​နေမိသည်​ ...
အရင်​ကဆို စလိုက်​ ​နောက်​လိုက်
စကား​လုပြောလိုက်​ စိတ်​​ကောက်​လိုက်​ ဂျီကျလိုက်​ ...
ခု​တော့ ... အဟင့်​ ...

ပြီးပြည့်စုံသော ... နာမ်စား { Completed }Where stories live. Discover now