"လုပ်​စရာ​တော့ မရှိပါဘူး "

"ဒါဆို လက်​ဖက်​ရည်​ တစ်​ခွက်​​လောက်​ ​သောက်​ကြမလား "

"အို့... အကြံ​ကောင်းပဲ ..
Drama ​လေး ကြည့်​ရင်း​ပေါ့ "

"Nae .. "

"​အေး​အေး​ဆေး​ဆေး​ပေါ့ "

"ည​နေကျရင်​​တော့ NiNi ၄ နှစ်​ပြည့်​ ​မွေး​နေ့​လေ ညစာစားဖို့ ဖိတ်​ပါရ​စေ "

"အယ်​ .. ဟုတ်​သား NiNi ​တောင်​ ၄ နှစ်​ရှိ​နေပြီ ... ​မွေး​နေ့ လက်​​ဆောင်​ ဘာ​ပေးရမလဲ ​နော်​ "

"သူ့ကို သာ​မေးကြည့်​​တော့ Umin ​ရေ့ ... မနှစ်​ကလိုပဲ ​Hyung ကို ​ပေးပါလို့တောင်းမှာ ​သေချာတယ်​ "

"ဟုတ်​မယ်​ .."

မိခင်​ ၂ ဦး ကလည်း Drama ကြည့်​ရင်း လက်ဖက်​ရည်​​သောက်​​နေကြသလို... အခန်းတွင်းက က​လေး ၂ ဦးမှာလည်း ...

"Hyung ... ဒီ​နေ့ NiNi ​မွေး​နေ့​ယေ... မတိဝူးလား "

"သိဒယ်​ .. သိဒယ်​ ... "

"ကိတ်​ရဲ လုပ်​​ပေးဝူး .. လက်​​ဆောင်​လည်း ​ပေးဝူး .. တီချင်း ရဲ ဆို​ပေးဝူး ... စိတ်​​တောင်​ ​ကောင်းဝူး "

Kyungsoo ချက်​ချင်း ပဲ
သစ်​သားတုံး​လေး​တွေကို စီကာ
အဲ့ဒီ အ​ပေါ်မှာ ဖ​ယောင်းတိုင်​ သ​ဘောမျိုး သစ်​သားလုံး ရှည်​ရှည်​​လေး​တွေကို ​ထောင်​လိုက်​သည်​ ...

"Wow ~~ "

လက်​ခုပ်​​လေး တီးကာ ​ပျော်​​နေ​သော NiNi ကို ကြည့်​ရင်း
Birthday song ​လေး ဆို​ပေးသည်​ ...

Sae Ri Chu Kha Hamithar
Sae Ri Chu Kha Hamithar
Sarangham thar Uri NiNi
Sae Ri Chu Kha Hamithar

မပီကလာ ပီကလာ ဆို​ပေး​သော
သီချင်း​လေး အပီး ...

ဝေ့.... 👏👏👏

Jongin လက်​ခုပ်​ထတီးသည်​ ..

"Hyung.. . ကိတ်​မုန့်​ က စားလို့လည်း ရဝူး "

"Hyung.. အာဘွား​ပေးမယ်​​ယေ"

"​ယေ့ ... ကိတ်​မုန့်​ စား​တော့ဘူး
ညန်​ညန်​ ​ပေး​​ယေ "

မွ ...

ညာဘက်​ပါး​လေးကို Kyungsoo
အာဘွား​ပေးလိုက်​သည်​ ...

"ဒီဘက်​​ကော "

ဘယ်​ဖက်​ ပါး​လေးကို လက်​​ထောက်​ပြီး အ​ပြော ...

မွ ...

နဖူး​လေး ​ထောက်​ကာ

"ဒီမှာ ​ကော "

မွ

မေး​စေ့​လေးကို ထပ်​မံ​ထောက်​ကာ

"ဒီမှာ ​ရော "

မွ ...

မျက်​နှာ အနှံ့ နမ်းပြီး​သော်​လည်း
မ​ကျေနပ်​နိုင်​​သော NiNi မှာ
သူ၏ နှုတ်​ခမ်း ဖူးဖူး​လေးကို
ထောက်​ကာ ...

"ဒီမှာ"

"NiNi အာ့က လူကြီး ဖြစ်​မှ နမ်းရမှာ "

"NiNi လူကြီးဖြစ်​ချင်​လယ်​ "

"ဖြစ်​မှာ​ပေါ့ ... လာ .. လာ ..
Hyung ​ပေါင်​​ပေါ် လာအိပ်​ "

"Nae "

မွ ...

နဖူး​လေးကို Kyungsoo နမ်းလိုက်​ပြီး

"အိမ်​မက်​လှလှ မက်​ပါ​စေ "

ပေါင်​​ပေါ်က Jongin က​တော့ ပြုံးလို့ ...

TBC

ပြီးပြည့်စုံသော ... နာမ်စား { Completed }Where stories live. Discover now