❦Chapter Five❦ {Z+U}

Start from the beginning
                                    

မျက်နှာထက်က အပြုံးတစ်ခုကြောင့်နဲ့တင် BaekHyun ရင်ထဲ တုန်လှုပ်စ ပြုလာသည်။ သူ့အပြုံးကို မြင်ရုံနဲ့တင် ရင်ထဲ ထိတ်အောင် လုပ်နိုင်သော သည်လူဟာ သိပ်ထူးခြားလှသည် ဟု တွေးမိကာ သိချင်စိတ်လည်း ဖြစ်ရ၏။

"နောက်တစ်နေ့ လာခဲ့ပါလို့ မင်းကို ပြောပေမယ့် မင်းက ငါ့စကားကို နားမထောင်ဘူး.. ဒါပေမယ့် မင်း ငါနဲ့ တွေ့ရတာပဲ မဟုတ်လား"

ထမင်းဗန်းလေးကို စားပွဲပေါ် တင်နေသော BaekHyun ဆီ ChanYeol ဖြည်းဖြည်းချင်း လျှောက်လာရင်း သူ့အကျင့်အတိုင်း အိပ်မက်ယောင်သလို လေသံမျိုးနှင့် ပြောသည်။

BaekHyun သည် ဘာမှ ပြန်မပြောပဲ ChanYeol ကို ခပ်တည်တည် စိုက်ကြည့်ကာ ထမင်းစားပွဲရှေ့သို့ ခုံကို ဆွဲယူ၍ ထိုခုံပေါ် ထိုင်ခိုင်းလိုက်သည်။

"ထမင်းစား.."

တုံးတိတိပြောလိုက်သော သူ့ကို ChanYeol ကို ပြုံးရင်း ကြည့်နေုပြန်သည်။ သူ ဘာလို့ အမြဲ ပြုံးနေသလဲ ဟု တွေးမိသော်လည်း 'Joker တွေက အမြဲပြုံးနေတာပဲလေ' ဟူ၍ ကိုယ့်ဖာသာကို စဉ်းစားမိပြန်သည်။

"Honey ရာ ~ ကိုယ့်ကို ကြည့်စမ်းပါဦး။ ဘယ်လိုစားရမှာလဲ?"

သူ့စကားကြောင့် BaekHyun စဉ်းစားရကျပ်သွားသည်။ ChanYeol လက်တို့ကို တုပ်နှောင်ထားသောကြောင့် သူ့ကို ဘာမှ မလုပ်နိုင်ဟု တွေးပြီး စိတ်ချထားမိသော်ငြား ခု ဒီပုံစံနှင့် ထမင်းစားခိုင်းလို့လည်း မဖြစ်သည်ကို မတွေးမိခဲ့။ ထို့ကြောင့်လည်း အခြားသူများက သူ့ဆီ ထမင်းပို့ရန် ကြောက်နေကြခြင်း ဖြစ်မည်ဟု တွေးမိသည်။

'ဘာပဲဖြစ်ဖြစ် အသက်အန္တရာယ်တော့ မရှိလောက်ပါဘူး' ဟု တွေးကာ သူ့လက်တို့ကို ဖြေပေးရန် လက်လှမ်းလိုက်သည်။

"ဟင့်အင်း.. မဖြေပေးနဲ့ Honey"

ChanYeol စကားကြောင့် BaekHyun လက်တို့ကို ပြန်ရုပ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်၏။

"အဲ့တာဆို ခင်ဗျား ဘယ်လိုစားမလဲ?"

မျက်မှောင်ကြုတ်ကာ မေးလိုက်မိသော်လည်း ရုတ်တရက် မျက်နှာရှေ့တိုးလာကာ မျက်လုံးတည့်တည့် စိုက်ကြည့်ရင်း ပြုံးနေသော ChanYeol ကြောင့် သူ ခဏကြောင်အသွားသည်။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now