အကြည့်ကတော့ Eno ဆီ ရောက်လျက် ။

Eno . . . Attdar အကြည့်ကြောင့် သဘောပေါက်လိုက်၍ ပါးစပ်ပိတ်နေလိုက်ရသည်။

Ku : Zu . . . သူတို့နဲ့ နှစ်ယောက်တစ်ခန်းမနေဘဲ ငါတို့ အချင်းချင်းပဲ နှစ်ယောက်တစ်ခန်းစီ နေလို့ မရဘူးလား

Zu : အဲ့ဒါက . . .

Attdar : King Shiku က နှစ်ယောက်တစ်ခန်းအိပ်မှဖြစ်မယ်ဆိုရင် ကိုယ်ရံတော်တွေနဲ့အတူ အိပ်ဖို့ မှာထားပါတယ်

Attdar က ပြောလိုက်၍ Zu မပြောလိုက်ရပေ။

Attdar : ငါတို့အပြင်ထွက်နေတုန်း Zu တို့ ရှိနေရင် ငါတို့ပျောက် ပျောက်သွားတာကို သူတို့တွေ ရိပ်မိမှာ မဟုတ်ဘူး ၊ ငါတို့အချင်းချင်း နှစ်ယောက်တစ်ခန်းစီသာ နေခဲ့ရင် ငါတို့ အပြင်သွားရင် အခန်းနှစ်ခန်းက လွတ်နေမှာ ၊ ကြာရင် ဒဏ္ဍာရီအစစ်ကို လာရှာမှန်း ရိပ်မိသွားနိုင်တယ် ၊ အဲ့ဒါကြောင့် သူတို့နဲ့ နှစ်ယောက်တစ်ခန်းနေကို နေရမှဖြစ်မယ်

Attdar စိတ်ထဲကနေ Kolar တို့ သုံးယောက်ကို ပြောလိုက်သည်။

Zu : ကဲ . . . ကြားတဲ့အတိုင်းပဲ ၊ သော့တစ်ချောင်းဆီ ယူသွားကြတော့

Zu လက်ထဲက သော့တွေကို ဖြန့်ပေးလိုက်တာနဲ့ တစ်ယောက်တစ်ချောင်းစီ ယူသွားကြလေသည်။

အခန်းထဲရောက်တော့ ထင်ထားသည့်အတိုင်း နှစ်ယောက်အိပ်ကုတင်တစ်လုံးတည်းကိုသာ တွေ့လိုက်ရသည်။

Attdar : မင်းသားက ကုတင်ပေါ်ကို အိပ်ပါ ၊ ကျွန်တော်က ဆိုဖာမှာပဲ အိပ်လိုက်ပါ့မယ်

Attdar ပြောပြီးတာနဲ့ ဆိုဖာမှာ ချက်ချင်းလှဲ လိုက်သည်။

အရေးကြီးတာက Zu နဲ့ စကားမပြောရဖို့ပင်။

Zu : ဟေ့ . . . မင်းရဲ့ တကယ့်မိဘအရင်းတွေက ဘယ်သူလဲ . . .

Zu . . . Attdar ဘက်ကို လှည့်မကြည့်ဘဲ မေးလိုက်သည်။

Zu : ဟေ့ . . .

တော်တော်ကြာတဲ့အထိ အသံထွက်မလာ၍
Zu . . . Attdar ဆီ သွားလိုက်သည်။

Zu : အိပ်ပျော်နေပြန်ပြီိ . . . မင်း တော်တော်အိပ်နိုင်တာပဲ . . .

Zu . . . Attdar အိပ်နေတာကို ကြည့်ရင်း မျက်စိက လည်ပင်းစီထပ်ရောက်သွားပြန်၍ ချက်ချင်းဆိုသလို နေရာကနေထပြီး ကုတင်ပေါ်ကို သွားကာ အိပ်ပစ်လိုက်တော့သည်။

The End Of The Hate Where stories live. Discover now