အပိုင်း ၁

7.1K 326 31
                                        

{၁၈} ရာစု ၊ ' ထယ် ' အင်ပါယာနိုင်ငံ။

ဧကရာဇ်မင်း ကင်မ်ထယ်ဂွန် လက်ထက်...။

' ဒီနေ့ မင်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သားပဲ ထယ်ဟျောင်းန် ရှိ '

လက်ရေးလှသင်ကြားရေး ပါမောက္ခဆရာဟာ စာရွက်ပေါ်က သူ့တပည့်လက်ရာ လက်ရေးလှလေးများကိုကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောကျကာ ချီးမွမ်းလို့နေတယ်။

' မခံယူဝံ့ပါဘူး ဆရာ '

ခဏကြာတော့ ပါမောက္ခဆရာက ပြုံး၍နှုတ်ဆက်လိုက်ကာ...

' ဒါဆို မောင်မင်း သွားနိုင်ပါပြီ '

ထယ်ဟျောင်းန် လည်း ဆရာ့ကို ဦးညွှတ်အရိုအသေပြုကာ စာသင်ဆောင်ခန်းမထဲမှ ထွက်လာခဲ့လိုက်တယ်။

အပြင်ရောက်တာနဲ့ ချက်ချင်းပင် ခန္ဓာကိုယ်ကရှိသမျှ အကြောအချဉ်တွေကို ဆန့်ထုတ်လိုက်ကာ သက်ပြင်းချလိုက်ရင်း...

' အမယ်လေး ငါဒီလိုသာ နေ့တိုင်းတစ်နေကုန် စာလုံးတွေထိုင်ဆွဲနေရရင်တော့ ညောင်းလို့သေမှာပဲ '

' မင်းသားလေး ခင်ဗျာ '

ရုတ်တရက် အထိန်းတော်တစ်ယောက်ဟာ ထယ်ဟျောင်းန် ဆီလျှောက်လာကာ ဦးညွတ်အရိုအသေပြုလိုက်ပြီး...

' အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်...အရှင်မင်းမြတ်က မင်းသားကို အခုချက်ချင်း နန်းဆောင်ကိုကြွခဲ့ဖို့ အခေါ်တော်လွှတ်လိုက်လို့ပါ '

' ကောင်းပြီလေ...ကျုပ်ကိုလည်း ဆရာက အခုပဲအတန်းလွှတ်လိုက်တာ '

' ဒါဆို အခုပဲ သွားကြစို့ မင်းသားလေး...အရှင်မင်းမြတ်စောင့်နေပါတယ် '

' ကောင်းပြီ '


{«...The Lost Prince...»}


' ဒီအထိလိုက်ပို့ပေးတာ ကျေးဇူးပဲ အထိန်းတော်ကြီး...ပြန်နိုင်ပါပြီ '

အထိန်းတော်ကြီးလည်း မင်းသားကို ဘုရင့်နန်းဆောင်ရှေ့ထိ ရောက်အောင်လိုက်ပို့ပြီးနောက် အရိုအသေပြုနှုတ်ဆက်ပြီး အဆောင်ရှေ့မှ ပြန်ထွက်သွားတယ်။

The Lost PrinceWhere stories live. Discover now