ဟောဒီလိုု Yoongi သတိထားမိနေတဲ့ ကောင်မလေး နှစ်ယောက်ဟာ မိုုးနဲ့မြေလိုု ကွာခြား နေတော့တာပဲ... ဘယ်တစ်ယောက်ကိုု ပိုု စိတ်ဝင်စားလဲ ဆိုုတာတော့ သူကိုုယ်တိုုင်လည်း မသိဘူး...

Sojin ကိုုကျ ကောင်လေးတွေကြား ရေပန်းစား လူပြောများလိုု့ သတိထားမိလာတာ ဖြစ်ပြီး... Haneul ကိုုကျ သူ အလုုပ်စစချင်း ၀င်တဲ့နေ့မှာ ၀န်ထမ်းတစ်ယောက်ချင်းစီရဲ့ နေရာပြ ဇယားမှာ သူ့အတွက် ကိုုယ်စားပြုထားဖိုု့ သံလိုုက်တုံးလေး တစ်တုုံးကိုု သူမက ရွေးပေးရင်းနဲ့ မိတ်ဆက်ဖြစ်ခဲ့လိုု့ သတိထားမိခဲ့တာပဲ...

သူတိုု့ သုုံးယောက်လုုံးက အလုုပ်မှာ department တူပေမယ့် Yoongi နဲ့ Sojin နဲ့က project team တူတော့ တစ်ခါတစ်လေ အလုုပ်တွဲလုုပ်ကြရတယ်... Haneul နဲ့ကျ project team မတူတော့ အလုုပ်တွဲလုုပ်ရဖိုု့ အခွင့်အလန်းက မရှိ...

Min Yoongi ဟာ တချို့အချိန်တွေမှာ မိန်းခလေးဆန်ပြီး ချစ်စရာ ကောင်းတဲ့ Sojin ကို တခြားကောင်လေးတွေ နည်းတူ ပေါ်ထင်ငေးနေတတ်သလိုု... တချို့ အချိန်တွေမှာကျ ဘောက်ဆတ်ဆတ် ပေါတောတောနေတတ်တဲ့ Haneul ကိုု မသိမသာ လိုက်ကြည့်နေမိပြီး ရယ်နေရတဲ့ အခါ ရှိသလို... မျက်စိ ဆံပင်မွှေးစူးခါ ဘဝင်မကျ ဖြစ်နေတဲ့ အခါလည်း ရှိတယ်...

လုုပ်ဖော်ကိုုင်ဖက်တွေနဲ့ အပြင်မှာ ထမင်းသွားသွား စားကြတဲ့အခါ Sojin နား ကောင်လေးတွေ ၀ိုုင်းနေတာကိုု Yoongi မမှုပေမယ့် Haneul နား ရှားရှားပါးပါး ကောင်လေးတစ်ယောက်ယောက် သွားပြီး စကားပြောနေတာ တွေ့ရင် သူ့စိတ်ထဲမှာ သိပ်မကြိုက်ဘူး... သူကိုုယ်တိုုင်ကျ တစ်ခါမှ Haneul ကိုု စပြီး စကား သွားမပြောခဲ့ဖူးပဲနဲ့...

Yoongi တစ်ယောက် တစ်နေ့တစ်နေ့ တွေ့ရှိလာရတာ တစ်ခုက Haneul ဟာ လူကောင်သာ သေးပြီး ပိန်နေတာ သူမ ကြည့်လိုုက်တိုုင်း ပါးစပ်နဲ့ မုုန့်နဲ့ ပြတ်တယ်ကိုု မရှိဘူး... ဒါကိုတော့ Yoongi တော်တော် အံ့သြယူလိုက်ရတယ်...

Min Yoongi မသိတာ တစ်ခုုကတော့ Haneul ဆိုုတဲ့ ကောင်မလေးကလည်း Yoongi ကိုု တစ်ဖက်သတ် ကြိတ် crush နေတာကိုုပဲ... သူမ အဖုုံးအဖိတော်လွန်းလိုု့ သူမရဲ့ အရင်းနှီးဆုုံး သူငယ်ချင်းလည်း ဖြစ် လုုပ်ဖော်ကိုုင်ဖက်လည်း ဖြစ်တဲ့ ShinAh ကလွဲလိုု့ ဘယ်သူမှ မသိဘူးလေ...

The First Dance [Completed]जहाँ कहानियाँ रहती हैं। अभी खोजें