"ဟင်"
နှင်းဆီက မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး ညီညီငယ်ကို အော်လွှတ်သည်။ ညီညီငယ် စိတ်ထဲဝမ်းနည်းသွားသည်က အမှန်ပါ၊ ခုတော့ သူငယ်ချင်းတွေက သူ့ကိုပြောပြခွင့်မပေး၊ ဘာဖြစ်လို့ နေ့တပိုင်းအတန်းပျက်တာကို ရှင်းပြခွင့်မပေးတော့ချေ။
ညီညီငယ် ကြက်သေသေဖြင့် နှင်းဆီကိုကြည့်နေရင်းက ၀မ်းနည်းရိပ်တွေတွေ့လိုက်ရသည်ကို သတိထားမိသွားသည့် တွယ်တာက အနေထားကို ဖြေရှင်းလိုက်သည်။"လာ..ငါတို့တွေ စကားပြောဘို့လိုနေပြီး မကျဉ်းပင်အောက်သွားကြမယ်"
"ဟင် ဒီအချိန်ကြီး ကျောင်းက..."
"လိုက်မှာသာလိုက်ခဲ့ နင့်ကိုပြောစရာတွေ မေးစရာတွေ တပုံကြီးပဲ လျှာမရှည်တော့နဲ့"
မကျဉ်းပင်အောက်တွင် နှင်းဆီနှင့် တွယ်တာ ညီညီငယ်ပြောပြသည့် ညကကိစ္စများကို နားထောင်ကာ ဇာတ်ရည်လည်သွားတော့သည်။
"ဒါဆိုမနက်က နန္ဒထွက်သွားတော့ နင်မနိုးဘူးပေါ့"
"အင်း"
"ဒါဆိုဒီစကားတွေက ဘယ်ကထွက်လာတာလဲ"
"ဘာစကားတွေလဲ"
"နင်မသိတာလာ မသိချင်ယောင်ဆောင်နေတာလား"
"နင်ပြောတာငါနားမလည်ဘူး တွယ်တာ"
"အေးနင့်ကြောင့်ပဲ အဲဒီအကြောင်းကြောင့်ပဲ နှင်းဆီမျက်ရည်ကျတာ"
"ဘယ်လို"
"ဒီလိုဟာ..."
"မပြောပါနဲ့တော့ တွယ်တာရယ်"
"ညီညီငယ်လည်းသိသင့်တယ်လေ နှင်းဆီရဲ့၊ ဟုတ်တယ် နင်သိမှဖြစ်မယ်၊ မနက်နင်ကျောင်းမတက်နိုင်တာကို ဆရာမျိုးမင်းပဲသိတာနော်၊ သူပဲ အခန်းထဲကိုလာပြီးနင့်အစား ခွင့်လာတိုင်သွားတာ"
"ဟုတ်မှာပေါ့ မနက်က ဆရာမျိုးမင်းပဲ နန္ဒကိုလာခေါ်သွားတာနေမယ်"
"သူခွင့်တိုင်သွားတာက ညီညီငယ်ညက အိပ်ရေးပျက်လို့ဆိုတဲ့ အကြောင်းပဲ၊ နင်နန္ဒကိုစောင့်ရှောက်နေရလို့ လည်းပြောတယ်၊ လူတွေက စကားကို ကားပစ်လိုက်ကြတာ"
အပိုင်း( ၉ )
Começar do início