Part-11

11.1K 693 11
                                    

Updateမလုပ်​တာကြာ​တော့ မမှတ်​မိ​လောက်​​တော့ဘူး ဟုတ်​တယ်​မလား ??အဲ့ဒါဆို ​ရှေ့တပိုင်းပြန်​ဖတ်​​ပေး​နော်​ ​ခ်​ခ်​..

ChanBaek
#Yaoi
#Part-11

မိုးလင်းလို့ အိပ်​ရာထထချင်း ​ဘေးနားကို လက်​​လေးယှက်​လိုက်​​တော့ ဘာမှပင်​မရှိ ။ ​မွေ့ရာကို မျက်​လုံးမဖွင့်​​သေးဘဲ ဟိုစမ်းဒီစမ်းလုပ်​ကြည့်​​ပေမယ့်​ သူမရှိတာ ​သေချာသွားသည်​မို့ ChanYeol မျက်​လုံးဖွင့်​ကာ ငုပ်​တုတ်​ထထိုင်​လိုက်​သည်​ ။

"​ဘေဘီ"

သူဘယ်​​ရောက်​သွားတာလဲ ????

အိပ်​ခန်းတံခါးကြီးက ပွင့်​​နေကာ ဂလုံဂလွမ်​ဆို​သော အသံ​ပေါင်းစုံကို ChanYeol ကြား​လိုက်​ ​ရ၏ ။

ChanYeol လည်း မျက်​နှာမသစ်​​သေးဘဲ​လေးလံစွာပင်​ မီးဖို​ချောင်​ဘက်​ ထွက်​လာသည်​။

အို ! ChanYeol မျက်​လုံးကို ကျယ်​​အောင်​လုပ်​​ပေးလိုက်​တာက​တော့..​ရှေ့က apron ၀တ်​ကာ သူ့ကို​ကျော​​ပေးထားသည့်​​ကောင်​​လေး ။ သူဘာ​တွေလုပ်​​နေတာပါလိမ့်​ ​စော​စောစီးစီး ။

"Baek!!"

ChanYeol အခုမှ အိပ်​ရာထလာ​သော​ကြောင့်​ အသံက သြရှရှ ဖြစ်​​နေသည်​ ။ ထို​ကြောင့်​ BaekHyun ​နောက်​လှည့်​ကျိကာ ရယ်​သံ​သေး​သေး​လေးထွက်​​အောင်​ ရယ်​လိုက်​​လေရဲ့ ။

"ဘယ်​လိုဖြစ်​လို့ မျက်​နှာမသစ်​​သေးဘဲ ထွက်​လာရတာတုံး ?"

"မသိဘူး​လေ...မျက်​လုံးဖွင့်​ဖွင့်​ချင်း ​ဘေးနားမှာလဲ ရှိမ​နေ ။ ပန်းကန်​သံ​တွေကလည်း ကြား​နေရတာ။ မထွက်​လာဘဲ မ​နေနိုင်​ဘူး​"

"ငါ့အသံ​တွေ​ကြောင့်​ နိုးသွားတာလား ??"

"ဟင့်​အင်း မဟုတ်​ပါဘူး"

ChanYeol ​ရှေ့တိုးလာတာ Baek ကို ခါး​လေးကို ​နောက်​က​နေ ဖက်​လိုက်​၏ ။

"အခုမှ မနက်​ခင်း​လေးက ပြည့်​စုံသွား​တော့တယ်​ ။"

"အံမယ်​...တတ်​​နေတာ စကား​တွေ"

"Baek အ​စောကြီး ဘာ​တွေချက်​​နေတာလဲ ?"

"ဟို....ဂျီနာ့ကို ​နေ့လည်​စာ​ကျွေးဖို့ ဖိတ်​ထားတယ်​​လေ"

Loveliest BOY //RatedM // (Completed)Opowieści tętniące życiem. Odkryj je teraz