Ru : ဒီလိုပုံစံမျိုးက လုံးဝယောင်္ကျားလေး မဖြစ်နိုင်ဘူး

Ru . . . စိတ်ထဲကနေ တွေးရင်း တစ်ချက်ပြုံးလိုက်မိသည်။

Eno : နိုးလာလို့ကတော့ . . . နင် . . .
သေပြီသာမှတ် . . .

Eno တစ်ယောက် . . . နေရာအကျယ်ကြီးယူထားပြီး အားရပါးရဟောက်နေတဲ့ Fu ကို ကြည့်ပြီး
မေတ္တာတွေ ပို့နေမိသည်။

Fu . . . Eno ရဲ့ စိတ်တိုနေတဲ့ အသံကို
ကြားလိုက်ရ၍ ကြိတ်ပြုံးလိုက်မိသည်။

သူ့အတွက် Eno က ယောင်္ကျားပဲ ဖြစ်ဖြစ် ၊ မိန်းမပဲ ဖြစ်ဖြစ် အရေးမကြီးပေ။

အရေးကြီးတာက သူ နိုင်ရဖို့နဲ့
နှိပ်စက်ခွင့်ရဖို့ပင်။

ဒရိုင်ဘာ : မင်းသား ရောက်ပါပြီ

ကားရပ်သွားတာနဲ့ ချက်ချင်း Attdar နိုးလာတော့သည်။

Attdar : ကားရပ်သွားပြီကိုး . . .

Zu : နိုးပြီလား . . .

Attdar . . . Zu အသံကြောင့် ကြောင်သွားရကာ Zu့ကို မော့ကြည့်လိုက်မိသည်။

ပြီးမှ . . . Zu့ပေါင်ပေါ်မှာ အိပ်ပျော်နေမှန်း သိလိုက်၍ ချက်ချင်း ထလိုက်သည်။

Attdar : Sorry . . .

Zu . . . ဘာမှပြန်ပြောမနေတော့ဘဲ
ကားပေါ်ကနေ ဆင်းလိုက်သည်။

Attdar လည်း ကားပေါ်ကနေ ဆင်းလာလိုက်သည်။

သူတို့တွေ ကျောင်းဝင်းထဲကို ရောက်နေပေမယ့် Kolar က မနိုးသေးတဲ့အပြင် ခြေထောက်ကလည်း သူ့အပေါ်ကို တင်ထားတုန်းပင်။

အစကတော့ ရှိပါစေ ဆိုပြီး ထားခဲ့ပေမယ့် သည်းမခံနိုင်တဲ့အဆုံး Ku . . .
အမြင်ကတ်ကတ်နဲ့ သူ့ခြေထောက်ကို အားနဲ့ ပစ်ချလိုက်ပြီး ကားထဲကနေ ထွက်လာလိုက်သည်။

Ru နဲ့ Yiyar လည်း ကားထဲကနေ ထွက်လာလိုက်ကြသည်။

Ru : Yiyar . . . ပါးမှာ သရေတွေကပ်နေတယ်

Yiyar : ဟင် . . .

Yiyar ချက်ချင်းပဲ အင်္ကျီအိတ်ကပ်ထဲက လက်ကိုင်ပဝါထုတ်ပြီး သုတ်လိုက်သည်။

Yiyar . . . အမူအရာတွေကို ကြည့်ရင်း
Ru . . . ပြုံးလိုက်မိသည်။

Ru : သူတို့က ဖုံးနေပေမယ့် Yiyar က ဖော်ကောင်လုပ်သလိုဖြစ်နေတာကို သူတို့ မသိရှာဘူး

The End Of The Hate Where stories live. Discover now