နှောင်ကြိုး

530 53 2
                                    

*** နှောင်ကြိုးလေး တမျှင် အဖြစ်နဲ့
       ကျွန်တော့်နှလုံးသားကိုသာမက
       ဘဝတခုလုံးကိုပါ ချည်နှောင်နိုင်ခဲ့သော
       နှောင်ကြိုးရှင် ***


အဲ့သည့် နှောင်ကြိုးလေးကို စမြင်တွေ့တုန်း
ကထဲက ကျွန်တော့် မသိစိတ်ထဲက ဖြစ်ပေါ်လာသည့် ခံစားချက်တစ်စုံတစ်ရာကို
တိတိကျကျ အဓိပ္ပါယ် မဖော်နိုင်ခဲ့သေးပေမဲ့လို့

အခုနောက်ပိုင်း တဖြေးဖြေးနဲ့ ထိုနှောင်ကြိုးလေး တမျှင်က  ကျွန်တော့်ကို တစစနဲ့ တဖြေးဖြေးခြင်း  ချည်နှောင်လာနိုင်ခဲ့ကြောင်းကို  တရားဝင် အသိအမှတ်ပြု လက်ခံနိုင်လာခဲ့သည်။

အရာရာကို မျက်နှာမာမာနဲ့ ပြောဆိုဆက်ဆံတတ်သည့်
ကျွန်တော့်လို Cool guy လူကိုတောင်
ထိုနှောင်ကြိုးလေးသည်  အရည်ပျော်အောင်လုပ်နိုင်စွမ်းရှိခဲ့သည်။

ပြီးတော့ လူတယောက်ကို ဘယ်သောအခါမှ ဘယ်လောက်ပင် စိတ်ဆိုးနေပါစေ  မချော့တတ်သော
ကျွန်တော့်လို အသည်းမာသူကိုတောင်ပင်
ထိုနှောင်ကြိုးလေးက  စိတ်ကိုပျော့ပြောင်းအောင် လုပ်ပေးပြီး ချော့နည်းပေါင်းစုံကို သင်ယူစရာ မလိုအောင်ပင် စွမ်းဆောင်နိုင်ခဲ့သည်။

အမြဲတမ်း သူတပါး၏ ဂရုစိုက်မှုကိုသာ ခံယူချင်တတ်ခဲ့သော  ခလေးဆန်နေဆဲ
ကျွန်တော့်ကို  ရင့်ကျက်စေပြီး  ဂရုစိုက်အလေးထားတတ်သည့် လူတယောက်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့သည့်  နှောင်ကြိုးလေးတမျှင်~~~

သည်နှောင်ကြိုးရှင်က ကျွန်တော့်ကို သူ့ရဲ့
နှောင်ကြိုးကမ္ဘာကြီးထဲက ရုန်းမထွက်နိုင်အောင်  ချည်နှောင်ထားခဲ့သည်က  ကြိုးမျှင်လေးတမျှင်လေးသာ ~~~

အကယ်၍ ဒီနှောင်ကြိုးကို  ကျွန်တော် အားကုန်သုံးပြီး ရုန်းထွက်ချင်ပါက လွယ်မှ လွယ်လွယ်လေးပါ။

သို့ပေမဲ့လို့  ~~~

ကျွန်တော်ဆိုတဲ့ WU YI FAN ကိုယ်တိုင်ကိုက ထိုနှောင်ကြိုးလေးမည်သော
PARK CHAN YEOL
ဆိုသည့် ကျွန်တော့်ဘဝ၏ နှောင်ကြိုးရှင်လေးဖန်တီးထားသည့်
နှောင်ကြိုးကမ္ဘာကြီးထဲကကို မလွတ်မြောက်ချင်ခဲ့သူပါ။

ထိုကဲ့သို့ ဖြစ်ရခြင်းနောက်ကွယ်က
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကတော့ ~~~

ဘယ်သောအခါဖြစ်ဖြစ် ဘယ်ဘဝပဲရောက်ရောက်

အမြဲတမ်း တသတ်မှတ်ထဲ တည်ရှိနေမည့်
WU YI FAN၏ နှောင်ကြိုးရှင်သည်
PARK CHAN YEOL ဆိုသည့် သူတဦးတယောက်သာ ထာဝရ မပြောင်းလဲ
ငြိတွယ်သွားမည့် နှောင်ကြိုးများသာဖြစ်လို့ပါပဲ။

***************************************

                          THE END

By- KrisYeolLOVEHunHan

A/N;;; ကြာတော့ကြာအုံးမှာပါ
နှောင်ကြိုး  ဆိုတဲ့ နာမည်နဲ့ပဲ
fic အရှည်တပုဒ် ရေးဖြစ်မယ်။

                                                 11:27PM
                                   10.10.2016(MON)

ကျွန်မအသက်လောက်ချစ်ရပါသော KrisYeol{ One Shot Collection }Where stories live. Discover now