1

1K 49 9
                                    

My Arrogant[translated] >>

"Hye Jin..သမီးအမေနဲ့ Koreaကို ပြန်ရမယ်."

"ဟင့်အင်း.. မလိုက်ဘူးomma..သမီးအဲ့ ကိုမပြန်ချင်ဘူး"

"ဒီမှာ အမေတို့ နှစ်ယောက်တည်း နေဖို့မဖြစ်တော့ဘူး.လိုက်ကိုလိုက်ရမယ်"

ကျမ စိတ်ရှုပ်တဲ့ ပုံနဲ့ အမေ့ကို ကြည့်လိုက်တယ်.

ဆောင့်အောင့်ပီး အပေါ်ထပ်က ကျမအခန်းထဲကို တက်လာတယ်.အခန်းတံခါးကို ဂျိန်းခနဲ ပိတ်ပီးတော့...

Korea?အများစုပြောင်းလဲခဲ့ပီ.ကျမ ကျောင်းပီးသွားတော့ မိသားစုလိုက် U.Sကို ပြောင်းလာခဲ့တယ်.

ဒါပေမယ့် အမေနဲ့ အဖေက အခုကွာရှင်းလိုက်ကြပီ.ဘာမဟုတ်တဲ့ အငြင်းပွားမှုလေးတခုအတွက်...

အခုကျမ အမေနဲ့ နေတယ်.စီးပွားရေးမပြေလည်ဘူး.အမေက မွေးရပ်မြေကို ပြန်သွားချင်တယ်.ကျမလည်းသွားချင်ပါတယ်.

ဒါပေမယ့် အဲံဒီ့က အမှတ်တရတွေ အကုန်​လုံး ကို ပြန်အမှတ်မရချင်တော့ဘူး.

1 week later...

"ဟုတ်ကဲ့!!ခနနေရင် Incheonလေဆိပ်ကို ဆိုက်ရောက်တော့မှာ ဖြစ်တဲ့အတွက်......."

"Hye Jin-ah!!Koreaရောက်တော့မယ် သမီး..ထတော့"

အမေ့ခေါ်သံကြားမှ ကျမနှိုးလာတယ်.

ကျမအမေ့ဆုံးဖြတ်ချက်ကို ကျမ တွန်းလှန်ခွင့်မရှိခဲ့ပါဘူး.အာ့ကြောင့်ပဲ Koreaကို တဖန်ပြန်ရောက်လာပြန်ပီလေ.

ကျမတို့koreaကို မနက်၉နာရီလောက်ရောက်တယ်.

"Taxi.."အမေ အငှါးကားကိုလှမ်းခေါ်လိုက်တယ်.
"Jong-Gu ShinDong 012 ကိုပို့ပေးပါ"

Taxiပေါ်အထုပ်ပိုးတွေတင်ပီး တည်နေရာတခုဆီကို ထွက်လာခဲ့တယ်.

လမ်းတလျှောက် ဟိုကြည့်ဒီကြည့်ကြည့်မိတယ်.3နှစ်.3နှစ်ကြာခဲ့ပီ.မပြောင်းလဲသေးဘူး အရာအားလုံး အရင်တိုင်းပဲ.

တယောက်သောသူ အတွေးထဲကို ဝင်လာတယ်.

နင်ရော..?

အရင်အတိုင်းပဲလား?

ကံကောင်းစွာနဲ့ ကျမတို့ အိမ်အသစ်လို့ ဆိုလိုရမယ့် နေရာက အရင်တုန်းက နေခဲ့တယ့် လမ်းနဲ့ သိပ်မဝေးဘူး.ကျမအတွက်တော့ အဆင်ပြေတာပေါ့.

Mr Arrogant B2 || kth [translated in Myanmar ver:]Where stories live. Discover now