Part...23 (The Final)

Beginne am Anfang
                                    

လူအများလက်ခံထားသည့် နိယာမတစ်ခု
ပြောင်းလဲသွားသလိုမျိုး...
Castle Leaderကြီး Tablet ထဲက
အကြောင်းအရာတွေကို ပြူးပြူးပြဲပြဲသေချာ
ကြည့်နေသည်...။
Krisကတော့ လက်ညှိုးလေးကို ဝေ့ကာယမ်းကာဖြင့်... မကြားရသော သံစဉ်တစ်ပုဒ်ကို တစ်ဦးတည်း သီးသန့်ကြားယောင်နေသယောင်လုပ်နေလေ၏...။

" ဆိုလိုတာက... "

တုန်လှုပ်စွာထွက်ပေါ်လာသော လူကြီးအသံက
ရုတ်ခြည်းပြောင်းလဲသွားသလိုထင်ရသည်။

" အင်း… … … "

စကားထောက်ပေးသလိုလို...
လူကြီးထင်တာကို ထောက်ခံလိုက်သလိုလိုဖြင့်
Kris ဆိုတော့...
လူကြီးက သွေးပျက်သွားသလို ခေါင်းခါယမ်းသည်...။

" မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး!!!! "

ခြောက်ခြောက်ခြားခြားအော်လိုက်တော့
Kris ရုတ်တရက် မျက်နှာတည်တံ့သွားသည်။
အိပ်ပျော်နေသောကျားကို ပုတ်နှိုးလိုက်လျှင် ခံစားရမည့်
အခြေအနေတို့ကို လက်တွေ့ကျကျ သင်ပြပေးတော့
မည့်ဟန်ပန်ဖြင့် မျက်ဝန်းတစ်စုံက တည်ငြိမ်အေးစက်
သွား၏…။

" ခဗျားဆီ သတင်းမပို့သေးတာနေမှာပါ...။
ဒါတွေက လက်ခံသူတွေကိုပဲ အရင်ပို့တာလေ။
အကြောင်းကြားစာလေး မကြာခင်ရောက်လာပါလိမ့်မယ်...
အာ...
တစ်ခုတော့ပြောရဦးမယ်...
ကိုယ့်ထက်အဆင့်မြင့်တဲ့အဖွဲ့ကို
မထီလေးစားလုပ်ရင် ဘာတွေအပြစ်ခံရမယ်ဆို
တာလောက်တော့ ကျွန်တော်သတိမပေးလည်း ခဗျားတော့သိလောက်မှာပါနော်... "

ခြိမ်းခြောက်စကားလိုဆိုလိုက်သော
Krisစကားကြောင့် တစ်ဖက်ခေါင်းဆောင်ကြီး
၏ လက်နှစ်ဖက်က နောက်ကိုသွယ်ယှက်သွားသည်...။
ထိုအခါမှ Krisက သဘောကျသလို
ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်လိုက်ပြီး...

" အိုကေ... ထားတော့...ကျွန်တော်လာရတဲ့ အဓိက
အကြောင်းအရာကိုပြောမယ်… ကျွန်တော့်ရပိုင်ခွင့်
အနေနဲ့ ခဗျားတို့ဆီက တောင်းမယ့်အရာက
ကျွန်တော့်ညီ Baek...။ သူ့ကိုပြန်ခေါ်သွားမယ်... "

" ဒါ...ဒါပေမယ့်... "

" အော်...
ခဗျားတို့ နယ်မြေ8ဘက်က ကာစီနိုဝိုင်းက
ရဲတွေသတိထားမိနေတယ်ဆို ဟုတ်လား...
အထက်က မေးခိုင်းလိုက်လို့ပါ... "

Modification(Completed)Wo Geschichten leben. Entdecke jetzt