Part...10 (Modification)

17.2K 1.7K 66
                                    

[Zawgyi]

သူ ပြန်နိုးလာတော့ Park Chanyeolဆိုသော
ကောင်လေးရဲ့ပေါင်ပေါ်မှာပဲ အိပ်လျက်သားနဲ့
နိုးလာခဲ့ခြင်းဖြစ်သည်။
ထိုကောင်လေးကတော့ သူ နိုးလာတာကို
သိဟန်မပေါ်...။
ကြည့်ပါလား...
လက်နှစ်ဖက်ကိုနောက်ထောက်လျက်သားနဲ့
ငိုက်နေသည်က...။
တစ်ချက်တစ်ချက် ယိုင်ကျသွားတဲ့ ခေါင်းလေး
ကို ဟိုဒီရအောင်ယိန်းနေပီး ငိုက်မြဲအတိုင်း
ငိုက်နေသည့် မျက်စိရှေ့ကကောင်လေးကို...
သူ အရမ်းချစ်နေမိတာဆိုလျှင်...
ဒီလောကကြီး သူ့ကို ဟားတိုက်မှာလား...။

ထိုအချိန် ရုတ်ခြည်းဆိုသလို ကမ္ဘာမြေကြီး၏ ဆွဲငင်အားတွေပဲ ကပြောင်းကပြန်ဖြစ်သွားသည့်အတိုင်း
နောက်ကိုအားပြုကာ ယိန်းထိုးနေသောခေါင်းလေးက
အရှေ့ဘက်ကို ရုတ်ခနဲဆိုသလို ငိုက်ကျလာလေ၏…။
သဘောကျသလို ပြုံးပြီး Chanyeolကိုငေးနေမိ
တဲ့ သူဟာ...
ရုတ်တရက် ငိုက်ကျလာတဲ့ Chanyeol ရဲ့
မျက်နှာနုနုကို မရှောင်ဖယ်လိုက်နိုင်တော့...
အင်း...ရှောင်ဖယ်ဖို့ မေ့နေမိသည်လည်းပါပါသည်။

ထပ်တူကျသွားတဲ့ နှုတ်ခမ်းနှစ်ခုနောက်မှာ...
Yeolလည်း မျက်လုံးလေးဖတ်ကနဲပွင့်ပြီးနိုးလာ
သည်။
နိုးနိုးခြင်း ဘာဖြစ်နေသည်ကို သတိမထားမိဟန်
နဲ့...မျက်နှာကိုချက်ချင်း ဖယ်မသွားသေးဘဲ
နှုတ်ခမ်းအပ်လျက်သားနဲ့ပဲ...သူ့ကိုမျက်လုံး
ပြူးပြူးလေးနှင့် ကြည့်နေ၏...။

စက္ကန့်လက်တံလေး တော်တော်များများ
ခရီးနှင်ပြီးတဲ့အခါမှာတော့..
လန့်ဖြန့်သွားတဲ့ဟန်ဖြင့် Yeol သူ့မျက်နှာ သူ
ပြန်မော့သွားသည်။
တစ်ဆက်တည်းလည်း သူ့ပေါင်ပေါ်အိပ်နေသော Baekကို ဆတ်ခနဲတွန်းဖယ်ပစ်လိုက်သေး၏။
အရှိန်နဲ့ဆိုတော့...Baek ခေါင်းလေးက
ကွပ်ပျစ်နှင့် မိတ်ဆက်သွားတော့သည်...။
ဒုန်းခနဲအသံတစ်ခု ပတ်ဝန်းကျင်တွင် ခပ်သဲ့သဲ့ထွက်ပေါ်
လာပြီးနောက်...Baek သူ့ခေါင်းလေးကိုသူပွတ်
ပြီး မျက်နှာမဲ့မဲ့လေးနှင့် ကုန်းထလာသည်။

အနားတွင် ဘာလုပ်ရမှန်းမသိသောမျက်နှာလေး
နှင့် ရပ်နေသော Chanyeolကို စူပုပ်ပုပ်လှမ်းကြည့်
လိုက်ပြီး...

" ဘာကိစ္စ ငါ့ကိုဇွတ်တွန်းထုတ်ရတာလဲ...
ဦးနှောက်ထဲ သွေးခဲသွားရင် ဘယ်လိုလုပ်မှာ
လဲ... "

Modification(Completed)Where stories live. Discover now