Modification(Part...3)

20.7K 2K 19
                                    

[Zawgyi]

အချစ်ဆိုတာလား…
ငါ့အတွက်ကတော့ ရယူခြင်းပဲ
ဒီတစ်ယောက်ကို ချစ်နေရင်
သူ့ကိုပိုင်ဆိုင်ရမယ်...
သူ ငါ့အနားမှာအမြဲရှိနေရမယ်...
ရက်စက်ခြင်းတွေပါရင်ပါပါစေ...
အရေးကြီးတာက
မင်း ငါ့အနားမှာရှိနေဖို့ပဲ....
ဟုတ်တယ်…မင်းအတွက်တော့
ငါ့အချစ်ကအဲ့လိုမျိုးပဲ Park Chanyeol...

::::::::::::::::::::::::::::::

" ဟေး Yeol....မင်း caféဆိုင်က ကောင်မလေး
ကိုကြိုက်နေတာဆို??? "

စားသောက်နေတုန်းကျယ်လောင်စွာထွက်ပေါ်
လာသော အသံကြောင့် သူ မော့ကြည့်လိုက်မိသည်။
ကျစ်...Biz..ဒီကောင်လုပ်လိုက်ရင်အဲ့အတိုင်းပဲ။
အသံကျယ်ကျယ်နဲ့ တိုးဝင်လာတာ အခု
အားလုံးသူ့ကိုလှမ်းကြည့်နေကြပြီမဟုတ်ပါလား။
ခေါင်းဆောင်Krisကအစ လှမ်းကြည့်နေပြီ။

ဒီနေ့က သူတို့holiday...။
တနင်္လာနေ့လိုရက်မျိုးမှာ သူတို့အကုန်ဘယ်မှ
မသွားရပဲ နားရက်ရသည်…။
နေ့ခင်းဘက် Black Dragonခြံကြီးထဲမှာပဲ အသားတွေကင်စားပြီး...ပါတီအသေးစားသဘောလေး အပတ်တိုင်းလုပ်မြဲ...လုပ်ဆဲ...။

အခုလည်း အကုန်လုံးပါတီမှာစိတ်ရောက်နေတာ
ကို...ဘယ်ကဘာတွေကြားလာပြီးလျှောက်
အော်မေးနေပြန်သည်မသိ...။

" ဟမ် ဟေ့ကောင်...တကယ်ကြိုက်နေတာလား
မင်းကတော့ အကောင်းမှရွေးတတ်တယ်ကွာ "

အနားရောက်လာကာ ပခုံးပေါ်လက်တင်ပြီး
မေးလိုက်တာမို့ ပခုံးကိုတွန့်ရုန်းလိုက်သည်...။ တစ်ဆက်တည်းလည်း…

" တိုးတိုးလုပ်ပါBizရာ...
ဘယ်ကကောင်မလေးတုန်း??? "

" အမယ် ခုမှမသိချင်ယောင်လာဆောင်နေတယ်
မင်းအဲ့ကောင်မလေးကိုကြိုက်လို့
အဲ့ဆိုင်ကကော်ဖီပဲသောက်တာဆို...
ငါအဲ့နားက စတိုးဆိုင်မှာဆေးလိပ်ဝင်ဝယ်တုန်း
ဆိုင်ကဘွားတော်ပြောနေတာကို
ငါ့နားနဲ့ဆတ်ဆတ်ကြားလာခဲ့ရတာနော်... "

" ဟာကွာ အဲ့စတိုးဆိုင်ကအန်တီကြီးက
မင်းသိတဲ့အတိုင်းရပ်ကွက်ထဲလျှောက်အတင်း
တုတ်နေတဲ့မိန်းမကြီး။
ပြီးတော့ ကော်ဖီဆိုင်မှာမင်းပြောသလို
ကောင်မလေးရှိတယ်ထားဦး...
ငါသတိကိုမထားခဲ့မိတာ... "

Modification(Completed)Where stories live. Discover now