Part...16 (Modification)

17.2K 1.6K 73
                                    

[Zawgyi]

မင်းနဲ့ငါ့ကိုဝေးသွားစေမယ့် ကံတရားဆိုတာ
ရှိခဲ့ရင်တောင်...
ငါကိုယ်တိုင် ဖျက်စီးပစ်မယ်....။
မင်းနဲ့ပတ်သက်လာတယ့် ကစားပွဲတိုင်းမှာ
အပေးအယူမျှတမှု...
ရိုးသားမှုဆိုတာ...လုံးဝမရှိဘူး...။
မင်း ငါ့ဘေးရှိနေခြင်းကသာ...
ငါ့အတွက် စည်းမျဉ်းတစ်ခုပဲ...။။။

*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*

" မင်းဆိုတဲ့ကောင်ကိုလေ နဖူးကိုသားရေပင်နဲ့
ပစ်ပစ်ပေးသင့်တာ...။
ဘယ်လိုကြီးမှန်းကိုမသိတာ...
ဒါ ငါလာရမယ့်နေရာလား!!!
မင်းဟာမင်းလာပါ့လား ကျပ်မပြည့်ရဲ့!!! "

ရှေ့ကနေ ပွစိပွစိပြောရင်း လက်သီးလေးဆုပ်
ဟိုကြည့်ဒီကြည့်လုပ်နေသော ဒုခေါင်းဆောင်လေး
Wu Baekhyunကို ကျွန်တော်နောက်ကနေ
ကြည့်ရင်း သဘောကျနေမိ၏...။
ကျွန်တော်ငြိမ်နေသည်ကို သတိထားမိသွားသော
သူက ရုတ်တရက်လှည့်ကြည့်လာတော့...
ကျွန်တော့်နှုတ်ခမ်းထက်က အပြုံးကို အချိန်မှီမသိမ်း
ဆည်းလိုက်နိုင်…။

" အော်…မင်းက ရယ်နေတာပေါ့လေ...ဟုတ်လား...
သိပ်ပျော်စရာကောင်းနေသလား!
အစုတ်ပလုတ်ရဲ့! "

ဟားဟား...ဒါလေးက နာမည်ကြီး Gangster အဖွဲ့တစ်ဖွဲ့၏ ဆက်ခံသူတစ်ယောက်လို့
မည်သူကထင်မည်တဲ့လဲ....။
ဝက်ဝံနားရွက်လို အမွှေးပန်းရောင်ပွပွလေးတွေ တစ်ဖက်တစ်ချက်စီရှိနေသော ဘီးကုပ်လေးနှင့်
မျက်မှောင်တွန့်နေသော Baekhyunက
ကျွန်တော့်မျက်စိထဲတော့ ကြောက်စရာ
မကောင်းပဲ ချစ်စရာလေးဖြစ်နေသည်...။
လက်ရှိ သူ့အသက်အရွယ်… သူ့မျက်နှာအနေအထား
လေးနှင့်ဆိုလျှင် ဒီပုံစံလေးအတိုင်း သူ ရှိနေသင့်၏။

" Yah!!! Park Chanyeol!!!
ငါ့စကားလဲအဖတ်လုပ်ဦး!!! "

အသံမြှင့်အော်လိုက်သော Baekhyunအသံက
ကစားကွင်းထဲက ထွက်ပေါ်နေတဲ့ သီချင်းသံ
တစ်ချို့...ဟအော်ဟစ်နေသံတစ်ချို့ကြားထဲကနေ
အနည်းငယ်သိသာစွာပင် ခပ်စူးစူးလေးတိုးထွက်လာသည်။
ဟုတ်သည်...ကျွန်တော် သူ့ကို ကစားကွင်းခေါ်
လာမိခဲ့၏...။
ထို့ကြောင့်လည်း သွေးအေးပါသည်ဆိုသော Hellက ယခုလိုအကြီးအကျယ်ပေါက်ကွဲ
ပြနေသည်ပေါ့...။

Modification(Completed)Where stories live. Discover now