Part...23 (The Final)

Start from the beginning
                                    

ဧည့်ဆောင်ထဲတွင် ခပ်အေးအေးထိုင်နေသော
Krisကို မြင်ရချိန်တွင်တော့
ခြေလှမ်းအနည်းငယ်တုန့်ဆိုင်းသွားသည်ကလွဲ၍
Kris၏ လာရင်းရည်ရွယ်ချက်ကိုမသိစွာ
မျက်နှာကြီးက ပြုံးဖြီးသွားသည်...။

" ဟေးးး Kris....
Baekhyun ကို လာတွေ့တာလား... "

လူကြီး အနားရောက်လာသည့်တိုင်
Krisက ထိုင်ခုံမှ ထမနှုတ်ဆက်ဘဲ
ထိုင်ခုံလက်ရန်းပေါ်တွင် တံတောင်နှစ်ဖက်ထောက်
ကာ...လက်နှစ်ဖက်ကို သွယ်ယှက်ထားသည်။Kris၏
ယခုပုံစံက အောက်တစ်ဆင့်မှာရှိသော
အဖွဲ့တစ်ဖွဲ့၏ မူဟန်မှမဟုတ်ပေပဲ...။
ဤအခြင်းအရာကို Castle ခေါင်းဆောင်ကြီးလည်း သတိထားမိဟန်တူသည်...။
ဝင်ဝင်လာခြင်းက အသွင်အပြင်မျိုးမဟုတ်တော့ဘဲ
မျက်နှာက ချက်ချင်းတည်တံ့သွား၏...။

Krisက ခပ်ပြုံးပြုံးပဲမော့ကြည့်လာကာ…

" လာတွေ့တာမဟုတ်ပါဘူး...
လာခေါ်တာပါ... "

" ဘာ… "

" ဟုတ်တယ်...လာခေါ်တာ.... "

စကားတစ်ချက် မပျက်ယွင်းသွားသောKrisကို
ကြည့်ကာ...Castle ခေါင်းဆောင်ကြီး
နားမလည်နိုင်စွာ အော်သည်...။
ထို့နောက် စက္ကန့်ပိုင်းအတွင်းပင် မထီမဲ့မြင်ပုံစံပြောင်းလိုက်ကာ...

" Hkhk...Kris မင်းကို အခွင့်အရေးပေးထား
လို့...ဘဝင်လေဟပ်နေပုံပဲ...
မင်းအဆင့်က နေရာ4မှာပဲရှိတာနော်...
ငါတို့က နေရာ3...
အဲ့ဒါကို ငါ့သားမက်ကို လာခေါ်တာဆိုတော့ "

လူကြီး၏ ဆောင့်ကြွားကြွားစကားကြောင့်
Kris မရယ်ချင်ရယ်ချင် ရယ်လာသည်။
ညံ့ဖျင်းသော ဟာသတစ်ပုဒ်ကို ကြားလိုက်ရ
သောသူတစ်ယောက်ကဲ့သို့...။

" ဘာ...ဘာကြီးပြောလိုက်တာ...
ငါ့သားမက်...Hkhk...
ရော့ရော့ ဒါလေးအရင်ဖတ်...
ပြီးမှ ပြောချင်တာလေးဆက်ပြောရအောင် "

Kris ကမ်းပေးလာသည့် tabletလေးကို
Castleလူကြီး ယူကြည့်သည်...။
ဘာတွေပါလဲတော့မသိပေမယ့်...
ရပ်ကြည့်နေရင်း Baekရင်ခုန်နေ၏...။
ယခု သူမြင်တွေ့နေရသည့်မြင်ကွင်းက
တစ်ဆင့်မြင့်သည့် အဖွဲ့ခေါင်းဆောင်က
မတ်တပ်ရပ်အနေအထားနှင့်…
တစ်ဆင့်နိမ့်နေသည့် သူ့hyungက ထိုင်ခုံမှာ
ခပ်မိန့်မိန့်အနေအထားနှင့်…။

Modification(Completed)Where stories live. Discover now