Ep-4

4.5K 374 11
                                    

နှလုံးသားတစ်စုံရဲ့ တောင်ပံခတ်သံ

အပိုင်း ၎

Chanyeol ထိုနေ့က Baekhyun လုပ်ရပ်ကို နားမလည်ပါ ဘာကြောင့်များ ကိုယ့်အသားကို အနာခံလုပ်ရသလဲ တစ်ကယ်ဆို ကျွန်တော် နည်းနည်း လွန်တာ သိပါသည် ဒါကြောင့် ရိုက်ချင်းရိုက် ကျွန်တော့ ကိုရိုက်သင့်သည်မလား

ခုတော့ ပတ်တီး အဖွေးသားနှင့် ကုတင်တွင် နှစ်ခြိုက်စွာအိပ်မော ကျနေသော Baekhyun ကိုကြည့်၍ သူစိတ်မကောင်းပါ သူ ဘာလုပ်ရမလဲမသိ လို့ ဆေးကျောင်း တက်နေသော suho Hyung ကို အသည်းသန်ခေါ်ပြီး အကူညီ တောင်းရသည် ဒါတောင် hyung က စစ်လားဆေးလား လုပ်နေသေးသည်

"အား......ကျွတ်...ကျွတ် "

"ဖြေးဖြေး....မင်းဒဏ်ရာက ဆေးထည့်ထားတာ မကြာသေးဘူး ခဏငြိမ်ငြိမ်လေးနေ မထနဲ့ ပြန်လှဲနေ "

သူ Baekhyun ကို ကုတင်ပေါ် ပြန်လှဲ စေပြီး စောင်ကို ရင်ဘက်ပေါ်ထိ ခြုံပေးလိုက်သည်

Baekhyun သူ Chanyeol ကို ဝမ်းနည်းရီဝေနေသော မျက်ဝန်းနှင့်ကြည့်နေမိသည်

သူကျွန်နော့ကို ခုလောက်အထင်သေးမယ် မထင်မိခဲ့ဘူး

သူကျွန်တော့ကို ခုလောက် မုန်းနေလိမ့်မယ်မထင်မိခဲ့ဘူး

သူကျွန်တော့အချစ်ကို ဒီလို ပေါပေါပဲပဲ တန်ဖိုးဖြတ်လိမ့်မယ် မထင်မိခဲ့ဘူး

သူကျွန်တော့ကို ခုလောက်ထိလုပ်ရက်လိမ့်မယ်လို့ မထင်မိခဲ့ဘူး

ကျွန်တော်ကိုယ်တိုင်မျက်ကွယ်ပြုထားတဲ့ အမှန်တရားတစ်ခုကို လက်ခံရတော့မယ်

Soo ပြောခဲ့ သလိုပဲ Chanyeol ကျွန်တော့ကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး

ကျွန်တော်နားလည်လာသလိုပဲ

*တစ်ခါတစ်လေ အထီးကျန်တာကို ဂုဏ်ရှိရှိ ခံယူတာက နာနာကျင်ကျင် ချစ်နေရတာထက် စာရင် ပိုကောင်းတယ်* ဆိုတာ

ကျွန်တော်ဟာ ကျွန်တော့ကို ကျွန်တော်သတ်နေခဲ့တာပဲ ကျွန်တော့ကြောင့်သူလည်းသိပ်ပင်ပန်းခဲ့မှာပဲ

"Baekhyun မင်းဘာကြောင့် ငါ့ကိုမရိုက်ပဲ ကိုယ့်အသားနာခံပြီး ရိုက်ရတာလဲ "

နှလုံးသာတစ်စုံရဲ့ တောင်ပံခတ်သံ Where stories live. Discover now