Ep-3

4.6K 390 5
                                    

နှစ်လုံးသားတစ်စုံရဲ့ တောင်ပံခတ်သံ

အပိုင်း ၃

Jong in သူနဲ့ Kyungsoo အကြောင်း စဉ်းစားနေမိသည်

သူနဲ့ Kyungsoo က ငယ်�သူငယ်�ချင်�း ဖြစ်သည် jongin တွင် ဖေဖေ မရှိတော့ သူငယ်ငယ်တုန်းက အလုပ်သွားလုပ်မယ်ဆိုပြီး ခုထိ ပြန်မလာတော့ပါ သဘောက သူတို့သားမိကိုပစ်သွားသည်ပေါ့ လင်ပစ်မုဆိုးမအနေနဲ့ မေမေသည် သူ့အတွက် ပင်ပင် ပန်းပန်း ရုန်းကန်ခဲ့ရသည် သူ့မှာတော့ အဖေမရှိတဲ့ သားအဖြစ် အနှိမ်ခံရသည့် ပတ်ဝန်းကျင်တွင် လူဂျစ်ကလေးဖြစ်လာသည် အဖိခံဘဝနှင့် နေလာရတော့ လူက ဘဝအကြောင်းကိုနောကျေနေသည်

Kyungsoo ကတော့ သူနဲ့ ဆန့်ကျင်စွာ အားလုံးပြည့်စုံသည် Kyungsoo မိဘများက နာမည်�ကြီး လက်ကိုင်အိတ် branded ဖြစ်သည့် Fallen angel ၏ ပိုင်ရှင်များဖြစ်သည် သူတို့က ငွေကြေးအရတော့ အကုန်ဖြည့်ဆည်းပေးနိုင်ပေမယ့် �မေတ္တာ ကျတော့ ပြည့်ပြည့်ဝဝမပေးနိုင်ခဲ့ပါ kyungsoo ကို အမြဲလျစ်လျူရှုသလိုဖြစ်နေခဲ့သည် ထို့ကြောင့် kyungsoo က ငယ်ငယ်တည်းက အားငယ်တတ်သည် ကြောက်တတ်သည် Kyungsoo အနိုင်ကျင့် ခံရလျှင် သူ့မှာ အလိုလို ကြေးစား လူမိုက်ဖြစ်ရသည် သူခဏခဏ ရန်ုဖြစ်ဖူးသည် အများစုက kyungsoo ကြောင့်ဖြစ်သည် ဒါပေမယ့် အဲ့ လဒလေးက မရိပ်မိဘူး ကျွန်တော်က ဆိုးလို့ လို့ပဲထင်နေသည်

ခုလည်း အစောကြီး ကန်တင်းကိုကြိုရောက်နေပြန်သည်

"ဒီနေ့ အစောကြီး ရောက်နေပါလား soo ya "

"KJI ငါ့ကို အဲ့လိုမခေါ်ပါနဲ့ဆို ဘယ်နှခါပြောရမလဲ "

"အွန်......ကလေးကလည်း စိတ်ကြီးပဲ ဒီကချစ်လို့စတဲ့ဟာ "

"Ya စကားကို အေးဆေးပြောစမ်းပါ မင်းနှုတ်ခမ်းကြီး ငါ့လည်း လာမှန်နေဦးမယ် ဆပ်ပြာလူးနေတယ် မပြောချင်ဘူး "

Jongin Kyungsoo ကိုစနေသည် တမင်ကို အသံကို ချော်ရည်ညှစ်ပြီး နှုတ်ခမ်းကို ဟိုဘက်ဒီဘက်တံတားထိုးခါနီးထိ ထော်ပြီး ပြောနေသည် ဟို လူပုစိတ်တိုက ဥပမာနှိုင်းပြလိုက်ရင် မကောင်းရှိရော့မည်

"မင်း တစ်ခုခု ပျော်စရာ ရှိနေတယ်မဟုတ်လား မှန်မှန်ညာစမ်း "

နှလုံးသာတစ်စုံရဲ့ တောင်ပံခတ်သံ Where stories live. Discover now