Episode.17

2.9K 319 31
                                    

*My Lover is Tom Boy*

kai ဒီဇိုင်းတွေ ရေးဆွဲနေပေမဲ့  စိတ်တွေကတော့ ပျံ့လွှင့်နေခဲ့တယ် 

နှစ်ပတ်ရှိနေပြီ  Dyoကို စိတ်ဆိုးခဲ့တာ
အခုချိန် စိတ်တွေတည်ငြိမ်လာတော့ သူကို ချစ်လွန်းလို့ ယောကျာ်းလေးယောင်ဆောင်ပြီး အနားမှာ လာနေတာကို နားလည်လာတယ် တွေ့ရင်တော့ ဒေါသတကြီး အော်ဟစ်ခဲ့တာတွေအတွက် တောင်းပန်ဖို့ စဉ်းစားထားပေမဲ့ dyoပေါ်မလာတာ တစ်ပတ်ရှိနေပြီ 
တစ်ပတ်လောက်အထိ နည်းမျိုးစုံနဲ့ သူအနားရောက်လာပြီး စကားဟြေဖို့ ကြိုးစားခဲ့တဲ့ dyoကို မရမက အော်ဟစ်မောင်းထုတ်ခဲ့တာချည်းပဲ နောက်ဆုံး dyoက ပါစတာလုပ်ပြီး အိမ်ကို လာပို့ပေးတဲ့နေ့  အဲနေ့က နောက်ဆုံးပါပဲ အဲနေ့က အခုထိ dyo သူဆီရောက်မလာတော့ဘူးးးး

kai အတွေးတွေနဲ့ လွှင့်မျောနေတုန်း တံခါးခေါက်သံကြောင့် sehunနဲ့ luဖြစ်နေတယ် 

'kai မင်းလာမယ်လို့ ငါမျှော်လင့်တယ်'

လက်ထဲရောက်လာတဲ့ ဖိတ်စာလေးကို ငေးကြည့်ရင်း sehunကို မော့ကြည့်တော့ sehunဘေးနားမှာ ရပ်နေတဲ့ luရဲ့ မကျေနပ်တဲ့ အကြည့်တွေကို ရင်ဆိုင်လိုက်ရတယ်

lu:: 'လာလိုက်ပါ sehunက ရှင်ကို လာစေချင်နေတာ'

အဲပွဲကို သွားမှာ
dyoကို ငါတွေ့ရင် ငါဘယ်လို ရင်ဆိုင်ရမလဲ ဒေါသစိတ်ကြောင့် သူအပေါ် ပစ်ပစ်ခါခါ စကားတွေ ဟြေမိခဲ့တာ . . . ရိုင်းစိုင်းတဲ့ အပြုအမူတွေ လုပ်မိခဲ့တာ  . . .

kai တွေဝေနေတာကို sehunနဲ့ luက ရိပ်မိတော့

'ငါ့မင်္ဂလာပွဲကို မင်းလာပြီး ဂုဏ်ပြုပေးမယ်လို့ ငါယုံကြည်တယ်kai  ငါတို့သွားအုန်းမယ်'

sehunက ပုခုံးပုတ်ပြီး ဟြေလိုက်တယ်

ရုံးခန်းထဲက မထွက်ခင် luက လှည့်ကြည့်ပြီးး

'dyoကို မတွေ့ချင်လို့ မလာတာဆိုရင် စိတ်ပူမနေနဲ့တော့
dyoက အဲပွဲကို  သူလာနိုင်မှာ မဟုတ်တော့ဘူးး'

luရဲ့ စကားကြောင့်  kaiငိုင်နေရာကနေ ချက်ချင်းထကာ အပြင်ရောက်နေတဲ့ luလက်ကို ဆွဲပြီးး

kai:: 'လာနိုင်မှာ မဟုတ်တော့ဘူးးဆိုတာ ဘာအဓိပ္ပာယ်လဲ'

lu:: 'ထွက်သွားပြီ သူရဲ့ အချစ်ဆုံးဖြစ်တဲ့ ငယ်ငယ်တည်းက အတူအမြဲရှိနေတဲ့ ငါရဲ့မင်္ဂလာဆောင်ကိုတောင် မစောင့်တော့ဘဲ သူမရှိမှ ကျေနပ်မဲ့ တစ်စုံတစ်ယောက်အတွက် လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ဒီနိုင်ငံက သူထွက်သွားခဲ့ပြီ'

My lover is Tom boy || COMPLETED || Where stories live. Discover now