Episode.15

2.7K 299 25
                                    

*My Lover is Tom Boy*

kaiက အတူတူပြန်မယ် ဟြေတာကြောင့်  ရုံးရဲ့ ကားပါကင်မှာ ရပ်ထားတဲ့ kaiကားနားမှာ dyoစောင့်နေတယ်  kaiကတော့ လုပ်လက်စ အလုပ်တွေကို လက်စသတ်အုန်းမယ်ဆိုပြီး ရုံးခန်းမှာပဲ ကျန်နေခဲ့တယ် အဲအချိန်မှာ လူတစ်ယောက်က dyoရပ်နေတဲ့အနားကို တည့်တည့်လျှောက်လာနေတာကြောင့် dyoလည်း ထူးဆန်းတယ်ဆိုပြီး သတိထားမိလိုက်တယ် 

လျှောက်လာရင်းးက အနားရောက်ခါနီးလည်း ရောက်ရော အဲလူက လက်ထဲမှာ ဖွက်ထားတဲ့ ခေါက်ဓားကို ဖြန့်လိုက်ကာ  dyoဆီကို ပြေးဝင်လာတာကြောင့် dyoလည်းး အလန့်တကြား ဘေးးကို လိမ့်ချကာ ရှောင်လိုက်ရတယ်  ဓားကတော့ dyoရပ်နေတဲ့ အနောက်က ကားမှန်မှာ စိုက်ဝင်သွားးသည် 
ကားကို ထိသွားချိန်မှာက ကားမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးခလုတ်တွေ ပွင့်ကာ အချက်ပေးသံတွေ ထွက်လာတာကြောင့် လုံခြုံရေးတွေ အပြေးအလွှားရောက်လာကာ အဲလူကို ဖမ်းချုပ်လိုက်ကြတယ် 

dyoကတော့ လန့်သွားတာကြောင့် လဲနေရာကနေ ထမလာနိုင်သေးးချေ ။

kai အလုပ်တွေကို လက်စအမြန်သတ်ပြီး
ကားပါကင်မှာ dyoတစ်ယောက်တည်း ဖြစ်နေမှာ စိုးတာကြောင့် အမြန်ဆင်းလာခဲ့တယ် ကားသော့လည်း မပေးလိုက်မိတာကြောင့် dyoမတ်တပ်ရပ် စောင့်နေရတော့မယ်ဆိုတာ kaiတွေးလိုက်မိတယ် 

kai ကားပါကင်ရှိရာကို သွားနေတုန်းး

'CEOကားဘေးမှာ တိုက်ခိုက်မှု ဖြစ်လို့တဲ့ ဓားကိုင်တဲ့ တစ်ယောက်က ဆေးကြောင်နေတာ'

'တော်သေးတာပေါ့ သူပြေးထိုးတဲ့တစ်ယောက်က အမြန်ရှောင်လိုက်လို့  နို့မို့ဆို မတွေးရဲစရာပဲ'

ဆိုပြီး ဟြေနေတဲ့ ဝန်ထမ်းနှစ်ယောက်ကြောင့် Kaiစိုးရိမ်စိတ်များလာကာ ပြေးသွားခဲ့တယ်

ကားပါကင်ရောက်ချိန်မှာတော့ ရဲတွေပင် ရောက်နှင့်နေပြီ  ရှုပ်ယှက်ခတ်နေတဲ့ လူတွေကြားမှာ dyoကို ရှာလိုက်တော့ ကြောက်နေတာကြောင့် မျက်နှာငယ်လေးနဲ့ ရဲမေးသမျှကို ဖြေနေတဲ့ dyoကို တွေ့လိုက်ရတယ် 

dyoအနားကို သွားကာ လက်လေးကို ဆုပ်ကိုင်လိုက်တော့ အံသြတကြီး မော့ကြည့်လာတဲ့ dyoကို kaiပြုံးပြကာ တာဝန်အရမေးနေတဲ့ရဲဝန်ထမ်းကို
ဒီCompanyရဲ့CEOပါဆိုပြီး မိတ်ဆက်လိုက်တယ်  Dyoလက်ကို ကိုင်လိုက်ချိန်မှာ Kaiသတိထားမိလိုက်တာက  လက်ဖျားတွေက ရေခဲတမျှ အေးစက်နေတယ်ဆိုတာပါပဲ dyoတော်တော်ကြောက်နေမှန်းး kaiရိပ်မိလိုက်တယ် 

My lover is Tom boy || COMPLETED || Where stories live. Discover now