ဒါပေမဲ့ kai ကသဘောပေါက်ပုံမရ kyungSoo ပေးတဲ့တဘက်ကိုဒီတိုင်းကိုင်ပြီးရပ်နေတော့...

ဖော်မြူလာအတိုင်း kyungSoo ပဲ ဝတ်ပေးလိုက်ရတယ်လေ.

သူ့ခမျာ kai ကို တဘက်ဝတ်ပေးနေတုန်း မျက်လုံးကထားစရာနေရာကိုမရှိတာ..kaiရှေ့ကနေ

သူ့ လက်နှစ်ဖက်အောက်လျှိုဝင်ပြီး ပတ်ပေးနေရတာဆိုတော့. မျက်နှာက kai ရဲ့ ဆစ်ပက်ကြီးနဲ့ မဝေးတော့... အောက်မှာတော့ မြွေနဂါကြီး..

*ပေါ်သူမရှက် မြင်သူရှက်...သူရှက်မရှက်တော့ မသိ .

ကျနော်တော့ ရှက်လွန်းလို့ မျက်နှာဘယ်နားထားရမှန်းတောင်မသိဘူး...ပူလိုက်အိုက်

လိုက်တာလည်းပြောမနေနဲ့ ..ကိုးရီးယားမာ ဆောင်းတွင်းကြီးအပူလိုင်းများဖြတ်နေသလား မသိဘူး'*

တဘက်ပတ်ပြီးသွားပြန်တော့ kai က ရေတွေစိုနေတုန်းမို့

Kai ကိုတခါတည်းရေချိုးလိုက်ဖို့ ပြောလိုက်သည်  ။

သူပြောလည်း ဟိုတစ်ယောက်က နားလည်တာမှမဟုတ်တာ

ကဲ ပြောနေကြာတယ် . ...

Kyung Soo, kai လက်ကိုဆွဲပြီး ရေချိုးခန်းထဲခေါ်သွားလိုက်တယ်။ရေချိုးခန်းထဲရောက်တော့

ရေချိုးဇလုံ ထဲကို မပူမအေးရေစပ်လိုက်ပြီး babbule အမြှတ်တွေနဲ့ ဖြည့်လိုက်သည်။

ပြီးတော့ kai ကို မျက်မှာသစ်ဆေးကိုပြပြီး မျက်နှာကိုလက်နဲံပွတ်ပြ, ဆပ်ပြာကိုဆို ကိုယ်ကိုတိုက်ပြ စသဖြင့် တစ်ခုချင်းစီ သရုပ်ပြရတာပေါ့နော်.

တော်ကြာနေ ...ခေါင်းလျှော်ရည်နဲ့ မျက်နှာသစ်တာတို့လို အမျိုးမျိုးလုပ်နေမှာ စိုးရတယ်မလား   ...

သူ့ကသာ စိတ်ပါလက်ပါ တစ်ခုချင်းရှင်းပြနေပေမဲ့

ဟိုငဒူလေးက သူ့ကိုပေကလပ်ပေကလပ်နဲ့ ကြည့်နေတာ..

*ဒီလောက်အသေးစိတ်လုပ်ပြနေတာတောင်...နားမလည်

ရင် ဒါ ဒူရုံအဆင့်မဟုတ်တော့ဘူး တုံးတဲ့အဆင့်ရောက်သွားပြီ

တုံးတာတောင် တိုဟူးကို အံကြိတ်လှီးယူရတဲ့ အဆင့်  ...

ကျနော်လေ ရင်ဘတ် ဗြောတီး မဗေဒါ နှစ်ထပ်ကွန်း မြေလူးပြီး ငိုသလို ငိုလိုက်ချင်တယ် တကယ်  ...ကိုင်း

Teach ME More!!Место, где живут истории. Откройте их для себя