Kai's wiffy??😨😨

2.9K 261 13
                                    

recall:ဘာရယ်မဟုတ်..kaiကို အဲ့လောက်တောင်ပျော်အောင်လုပ်နိုင်တဲ့ ထိုလူကို မကျေနပ်သလိုလို မနှစ်မြို့သလိုလို...နေပါအုံး..ကျနော်..ကျနော်အခု သဝန်တိုနေတာလား?

ထိုလူကကော ဘယ်သူလဲ? Kai နဲ့ရော ဘလိုပတ်သတ်နေတာလဲ?

....................................................

Kai ဖက်ထားတာလွှတ်လိုက်တော့... ထိုလူသူဝတ်လာသော မျက်နှာဖုံးကို ချွတ်လိုက်သည်။

အော်... ယောကျာ်းလေးပဲ သူလည်းကျနော်တို့နဲ့အသက်မတိမ်းမယိမ်းလောက်ပဲနေမာ.

ဘာပြောပြော ထိုသူက ယောကျာ်းလေးဆိုတာသိရတော့ kyungsoo ရင်ထဲတစ်ခုခုပေါ့သွားသလိုခံစားလိုက်ရသည်။

*wow..Lutan tribe ကလူတွေချောတယ်ဆိုတာ ယုံတန်းစကားမှမဟုတ်ဘဲ...*

Kyungsoo နောက်တစ်ခေါက်တွေးမိပြန်သည်..

ထိုလူဟာ Lutan tribe ကဆိုပေမဲ့ kai လိုအသားမညို...ဖြူလတ်လတ်အသားအရည်ရှိပြီး သာမန်ထက်ရှည်တဲ့အရပ်ကြောင့် ထိုလူက မော်ဒယ်တစ်ယောက်လို စမတ်ကျကျနဲ့ကြည့်ကောင်းတယ်

မေးရိုးပေါ်ပေါ် မျက်လုံးဝိုင်းဝိုင်းနဲ့ ပန်းဆီရောင်မထူမပါးနှုတ်ခမ်းလုံးလုံး.. နှာတံစင်းစင်းနဲ့မို့ မျက်နှာကတော့ baby face type မျိုး.. အထင်ရှားဆုံးကတော့ ဆံပင်ရှည်ရှည်ကြားထဲက ထွက်နေတဲ့နားရွက်ကားကားကြီးရယ်..ခပ်ရေးရေး ပါးချိုင့်တစ်ဖက်နဲ့

ဖြူဖြူဖွေးဖွေးသွားတွေ အတန်းစီလိုက်ပေါ်အောင် ပြုံးနေတဲ့

ထိုလူပုံစံက စိတ်ထားကောင်းသူတစ်ယောက်မှန်း မပေါင်းကြည့်ပဲသိနိုင်တယ်..

ဘာရယ် မဟုတ်သူ့အကြည့်က ဟိုလူဘေးက မျက်လုံးလေးတွေမှေးပြီး ဆွဲဆောင်မှုရှိရှိပါးချိုင့်တုလေးတွေပေါ်အောင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတဲ့ kai ဆီရောက်သွားတော့..

ခုနကခံစားခဲ့ရတဲ့ ရင်ထဲပေါ့သွားတဲ့ခံစားချက်ကနေ ရင်ထဲတစ်ခုခုလစ်ဟာသွားသလို ခံစားချက်ကိုပြောင်းသွားတယ်။

*သူပြုံးနေတာ...arnyi ရယ်နေတာ..ကျနော့်ရင်တွေကိုအောက်ကလောင်း

ဗြောင်းပြန်ဖြစ်အောင်ပြုစားနိုင်တဲ့ သူ့

ရယ်သံလွင်လွင်လေးပေါ့ ..kai ကခနခနပြုံးတတ်ပေမဲ့အခုလို စိတ်လွှတ်လက်လွှတ် ရယ်နေတာက ရှားတယ်...သူ့တကယ်ပျော်နေတာပဲ*

Teach ME More!!Where stories live. Discover now