What's. a kiss means???

3.6K 286 14
                                    

recall:::Kyung Soo အ​တွေး​တောင်​ မဆုံးလိုက်​ပါဘူး

'အား 'ဆိုတဲkai အသံပြဲကြီးနဲ့အတူ ၀ုန်းခနဲ့ပွင်းလာတဲ့ bathroom door ...သူ့ဆီကို တန်းတန်းမှတ်​မှတ်​ ရေတွေရွဲပီး ​ပြေးလာတဲ့ ကိုယ်တုံးလုံး​kai ....

Kyung Soo အလန့်​တကြား မျက်လုံးပြူးပီး​​​အော်​လိုက်​မိသည်​...

"Ahhhhhhhhhhhhh"

Kai ကလည်း ​အော်​ သူကလည်း​အော်​နဲ့ kaisoo ရဲ့ Apartment က​အော်​သံ​တွေနဲ့ဆူညံ့ပွတ်လတ်ရိုက်လို့.....

Kyung soo​ ဘေးခန်း​ကလူ​တွေသူတို့အခန်း လူသတ်မှုဖြစ်နေတယ်​ထင်ပီး..ရဲစခန်းဖုန်းမဆက်​ပါ​စေနဲ့...လို့ပဲ..ဆု​တောင်းမိတယ်​..

....................✖ ✖ ✖ ✖ ......................

Kai ​အလန့်​တကြား kyung Soo​အော်​​နေတဲ့ ကို

ကျစ်​ကျစ်​ပါ​အောင်​​​​ပြေးဖက်လိုက်တော့ သူအော်နေတာ

'အု  'ခနဲ့ရပ်သွားသည် ။

သူ့ကိုလာဖက်တဲ့ kai က ကလေးနဲ့တူတယ် တကယ် ကြောက်အားလန့်အား အမေ့ဆီပြေးလာတဲ့ကလေးလေးလို ပဲ . . .kai တစ်ကိုယ်လုံးလဲရေတွေစိုရွှဲပြီး တဇက်ဇက်ကိုတုန်နေတာ  ...သူ့ခမျာတော်၂လန့်

သွားပုံပဲသနားပါတယ် စရောက်ကတည်းက  အရာရာနဲ့အကြောင်းကြောင်း သူ့အတွက်အထူးအဆန်းတွေချည်းမလား။

အခုလည်း ..ဘာတွေအလန့်တကားဖြစ်လာပြန်ပြီလဲမသိဘူး

Kyungsoo သူ့ကိုဖက်ထားတဲ့ kai ရင်ခွင်ထဲကခေါင်းလေးထွက်ပြီး bathroom  ဘက်ကြည့်လိုက်တော့

ရေပန်းကရေတွေပန်းထွက်နေတယ်လေ ။

အော် ....အိမ်သာတက်နေရင်လဲ ငြိမ်ငြိမ်မနေပဲ ဟိုစပ်စု ဒီစပ်စုလုပ်ပြီး ဘိုထိုင်ဘေးက ရေပန်းခလုပ်ကို ဖိလိုက်တာနေမှာ ... စိတ်ကလည်းမြန်သလား မမေးနဲ့ စိတ်ကထစ်ဆို လက်ကဇက်ကနဲ့ ရောက်သွားပြီ။

Kyung Soo ဖက်ထားတဲ့ kai ကိုခွာလိုက်ပြီ မထိတထိခပ်ဖွဖွ ပုခုံးကို ပုတ်ကာ

'ကဲကဲ...မကြောက်နဲ့တော့..ပြီးတော့.ရော့ ဒီတဘက်လေးပတ်လိုက်နော်လို့'

ပြောရင်း လှန်းထားတဲ့ တဘက်တထည်လှမ်းယူ ပြီး မိမွေးဖမွေးတုန်းကအတိုင်း ပြောင်ပြောင်တင်းတင်းကြီး ငိုမဲ့မဲ့ရပ်နေတဲ့ kai လက်ထဲထည့်ပေးလိုက်သည်  ။

Teach ME More!!Where stories live. Discover now