Deux

2K 265 3
                                    

"Chanyeol .. မင်းနာမည်​နဲ့ အိမ်​ကို စာသုံးစောင်​​ရောက်​လာတယ်​ .. ​ရော့ .. ပြီး​တော့ ဒါက မင်းမှာလိုက်​တဲ့ color theory"

ပန်းချီဆွဲ​နေရင်းတန်းလန်း အာရုံများမှာစိုးတာနဲ့ Jongdae ​​ပေးလာတဲ့ စာအုပ်​နဲ့ စာ​တွေကို လှည့်​​တောင်​မကြည့်​ဖြစ်​ဘဲ ယူလိုက်​ပြီး ​ဘေးက ကုလားထိုင်​​ပေါ် ပစ်​တင်​လိုက်တာနဲ့

"လဒ .. ငါ့မှာ​တော့ ခက်​ခက်​ခဲခဲရှာဝယ်​လာ​ပေးရတာကို .. ပြန်​ယူသွား​တော့မယ်​"

ပြော​ပြောဆိုဆိုနဲ့ Jongdae က စာအုပ်​ကို လှမ်းဆွဲ​တော့ Chanyeol စုတ်​တံကိုင်​ထားတဲ့လက်​နဲ့ပဲ အသည်းအသန်​ ပြန်​ဖမ်းဆွဲထားလိုက်​မိသည်​။

"yahh .. ​ဆေး​တွေ​ပေကုန်​ပြီ .. လခွမ်းမှပဲ .. လက်​​ခေါက်​ထားမိလို့​ ​တော်​​သေးတယ်​"

ဆေး​တွေ လက်​ဖမိုး​ပေါ်​ပေကုန်​တာ​ကြောင့်​ ဗျစ်​​တောက်​ဗျစ်​​တောက်​​ပြောရင်း ​ရေချိုးခန်းထဲဝင်​သွား​လေ​သော Jongdae ကို လိုက်​ကြည့်​ပြီး Chanyeol က​တော့ ပါးစပ်​​တောင်​မစေ့နိုင်​။ Jongdae က လူနဲ့ အရပ်​နဲ့လိုက်​သည်​။ ထစ်​ခနဲဆိုတာနဲ့ စိတ်​ကလက်​တစ်​ဆစ်​ဆို​တော့ တစ်​ခုခုဆို ပါးစပ်​ကလည်း ​နည်းနည်း​လောက်​တော့​ ပြောပစ်​လိုက်​ရမှ။ ဒါ​ပေမယ့်​ Jongdae ဘယ်​​လောက်​စိတ်​ကြီးကြီး Chanyeol အ​ပေါ်မှာ​တော့ ​ပြော​ပြောဆိုဆိုနဲ့ပဲ အမြဲအနွံတာခံရှာသည်​။ တကယ်​​တော့ သူနဲ့ Jongdae က ငယ်​​ပေါင်းကြီး​ဖော်​​တွေမဟုတ်​၊ ခင်​တာလည်း တစ်​နှစ်​​တောင်​မပြည့်​ချင်​​သေး။ ပန်းချီပြပွဲတစ်​ခုမှာ ဝါသနာတူသူချင်း ​ပေါင်းမိကြပြီး ခုလို studio တစ်​ခုတည်းမှာ အလုပ်​လုပ်​ကြခြင်းဖြစ်​သည်​။ Jongdae လည်း သူ့လို တစ်​ကိုယ်​တည်းသမားပဲမို့ Chanyeol က သူလည်း အ​ဖော်​ရ​အောင်​ အိမ်​မှာပါ အတူ​လာ​နေဖို့​ခေါ်တော့ Jongdae ကလည်း ဝမ်းသာအားရပင်​။ အတူ​နေတယ်​ဆို​ပေမယ့်​လည်း နှစ်​​ယောက်​လုံးအိမ်​ကပ်​တာက ခပ်​ရှားရှားရယ်​။ အိမ်​ထက်​ studio မှာပဲ ပန်းချီဆွဲရင်း အိပ်​ဖြစ်​ကြသည်​က များသည်​​လေ။ ခုလည်း Chanyeol အိမ်​ပြန်​မအိပ်​ဖြစ်​တဲ့ သုံး​လေးရက်​အတွင်း အိမ်​ကို​ရောက်​လာတဲ့စာ​တွေကို Jongdae က သိမ်းထားပြီး လာ​ပေးခြင်းသာ။

Forget Me Not ... Love Me MoreWhere stories live. Discover now