အခုမှ မပြောလည်း လဲသေလိုက်တော့။
" အန်? ဟို မွေးနေ့မှာ ပျော်ရွှင်ပါစေ"
ကျွန်တော့်လည်ပင်း ကျွန်တော်ပွတ်ကာ ပြောလိုက်တော့ သူ ခပ်သာသာ ပြုံးသည်။
" ဒါလေး ပြောဖို့ကို ကပ်စီးနည်းနေတာ"
သူပြောကာ ကောင်းကင်ကိုသာ ကြည့်နေသည်။
အခြေအနေကောင်းတယ်မလား?
မွေးနေ့လက်ဆောင်ပေဖို့ ရာသီဥတုက ကျွန်တော့်ဘက်မှာ ရှိနေပြီ။
" ဟို... Chanyeol.... ဒါလေး"
ကျွန်တော် သူ့ရှေ့တွင် ဆွဲကြိုးလေးကို မရဲတရဲပြကာ
" မွေးနေ့လက်ဆောင်!!"
သူက ချက်ချင်း မယူသေးဘဲ ကျွန်တော့်လက်ထဲမှ တွဲလောင်းကျနေသော နဂါးလေးကို ကြည့်ကာ
" ဘာကောင်လေးလဲ?"
" ဟို... နဂါးလေး...မင်းဖေဖေပေးထားတဲ့ ဟာနဲ့ နည်းနည်းတော့ ဆင်တယ် ပြီးတော့ ဟိုတစ်ခေါက်တုန်းက unicorn တောင်းတုန်းကလည်း မပေးဖြစ်တော့..."
ကျွန်တော်ကသာ ပြောနေပေမယ့် သူက ထိုဆွဲကြိုးလေးကိုသာ ကြည့်နေသည်။
သူ့မှာရှိနေတဲ့ဟာနဲ့ ခပ်ဆင်ဆင်တူနေလို့များ သဘောမကျခြင်းလား?
" ဟို တူနေတယ်ဆိုတော့ မင်းမှာ ရည်းစားရရင် သူ့ကို တစ်ခုပေးလိုက်ပေါ့ကွာ ဇာမဏီနဲ့ နဂါးက လိုက်ဖက်တဲ့အတွဲဘဲ....."
ကျွန်တော်ပေးသည့် မွေးနေ့လက်ဆောင်ကို သူငြင်းမှာစိုးလို့ ပြောမိပြောရာ ပြောလိုက်မိသည်။
မကောင်းဘူးမလား?
သူမလိုချင်ဘဲ ကျွန်တော့်ကို အားနာလို့ ယူနေရရင် ဘယလိုလုပ်မလဲ?
Park Chanyeol ဟာ အဲဒီလို လူစားမဟုတ်မှန်း သိနေပေမယ့်လို့။
" မင်း မယူချင်ရင်လည်း....'
" ဆွဲပေး"
သူပြောကာ သူ့လည်ပင်းတွင် ဆွဲထားသော ဇာမဏီဆွဲကြိုးကလေးကို ချွတ်လိုက်ပြီး ကျွန်တော့်ရှေ့ အနည်းငယ် တိုးကပ်လာသည်။
" ဆွဲပေးလို့"
" အော် အင်း"
ကျွန်တော် သ့လည်ပင်းကို အနည်းငယ် ယှက်တွယ်သိုင်းဖက်လိုက်ရင်း ဆွဲကြိုးချတ်ကို တပ်ပေးနေမိသည်။