~2~

2.1K 281 22
                                    

" Chanyeol ထမင်းစားမကောင်းဘူးလား သား ဘာဖြစ်နေတာလဲ?"

ထမင်း တစ်စိချင်းစားကာ ကျွန်တော့်ကို ပြာကျမတတ်ကြည့်နေသည့် Chanyeol ကို သူ့မေမေက လှမ်းမေးလိုက်တယ်။

" မေမေ သား အဲဒါလေး လိုချင်တယ် "

ကျွန်တော့်ဆွဲကြိုးကို လက်ညိုးထိုးကာပြောလိုက်တယ်။

ကလေးဆန်လိုက်တာ Chanyeol ရယ်။

သူပြောတော့ သူမေမေက လှမ်းကြည့်တယ်။

ကျွန်တော်ကတော့ ခေါင်းသာ ငုံ့ထားမိတယ်။

မပေးနိုင်ဘူး။

ဒါလေးပါ ပေးလိုက်ရင် ကျွန်တော့်မှာ ဘာကျန် ဦးမှာလဲ။

" ဟဲ့ ကိုယ့်ညီလေး လိုချင်တယ်လို့ ပြောနေတယ် ပေးလိုက်လေ"

" တောင်းပန်ပါတယ် ဒေါ်လေး ကျွန်တော့် သူငယ်ချင်း ပေးထားတာ မို့လို့ပါ"

ကျွန်တော် ပြောတော့ ဦးလေးက ထမင်းစားနေရင်း မျက်လုံးလှန်ကြည့်တယ်။

ကျွန်တော်က တစ်ခါမှ မခံပြောဖူးဘူးလေ။

ထူးဆန်းမှာပေါ့။

" သူငယ်ချင်း နင်လိုလူမှာ သူငယ်ချင်းရှိတယ် ဘယ်သူလဲ?"

" Yi....Yixing ပေးထားတာ မို့လို့ပါ"

" Yixing အာ မင်းကြောင့် သေမလို ဖြစ်သွားတဲ့ ကောင်လေး"

ဟုတ်ပါတယ်

ကျွန်တော်ကြောင့်

ကျွန်တော့်ကြောင့်ပါ။

" Chanyeol'a လိုချင်ရင် အသစ်ဝယ်ပေးမယ် ဘယ်နှယ့် နမိတ်မရှိ အဲလို လူတွေရဲ့ ပစ္စည်းကိုမှ လိုချင်နေတာလဲ? ဟိုက သေပြီလားတောင် မသိဘူး"

Chanyeol ကတော့ ဇွန်းကို ခပ်ပြင်းပြင်းဆောင့်ချရင်း အပေါ်တက်သွားတယ်။

သူ့မေမေကတော့ သူ့နောက် ပြေးလိုက်သွားတယ်။

ဦးလေးကတော့ ထမင်းဆက်စားဆဲ။

ကျွန်တော် ဦးလေး စားပြီးထထွက်သွားတော့မှ ပန်းကန်တွေ ဆေးကာ အိပ်ရာ ဝင်ခဲ့တယ်။

ကျွန်တော် အိပ်ဖို့လုပ်တော့ ဒုန်းခနဲ တံခါးဖွင့်ဝင်လာလို့ ကြည့်မိတော့ Chanyeol

Tears For SmilesWhere stories live. Discover now