~6~

2.8K 266 25
                                    

ကျွန်တော် ည အိပ်မပျော်သည်မို့ အင်္ကျီထူထူကောက်ဝတ်လိုက်ရင်း အိမ်ပြင်ထွက်ကာ ခြံထဲက ဒန်းပေါ်မှာ ထိုင်နေလိုက်သည်။

နာရီိကိုကြည့်မိတော့ ည ၁၁ နာရီ ၄၅။

Chanyeol မွေးနေ့ပြီးဖို့ ၁၅ မိနစ်ဘဲလိုတော့သည်ဘဲ။

ကျွန်တော် အိတ်ကပ်ထဲက နဂါးပုံစံဆွဲကြိုးလေးကို ထုတ်ကြည့်မိသည်။

သူ့ကို မွေးနေ့အမှီတောင် မပေးနိုင်တော့ပါလား။

ကျွန်တော်ကိုက ညံ့တာ။

ဘာတွေကို ဘယ်လိုကြောက်ပြီး မဝံ့မရဲဖြစ်နေသည်လဲ မသိ။

ကျွန်တော် ဆွဲကြိုးကို အိပ်ကပ်ထဲ ပြန်ထည့်လိုက်ကာ အပေါ်ထပ်ရှိ သူ့အခန်းကို မော့ကြည့်မိလိုက်သည်။

အယ်~

သူက ဝရန်တာမှာ ရပ်ကာ ကျွန်တော့်ကို ကြည့်နေသည်လေ။

ဘယ်အချိန်ကတည်းကပါလိမ့်?

ကျွန်တော်လည်း လရောင်အောက်က စိမ်းဖန့်ဖန့် T shirt လေးနှင့် သူ့ကို ငေးနေမိတော့ သူ့က ခပ်ချေချေကြည့်ကာ အထဲဝင်သွားသည်။

ပြော ဒီလိုကောင်လေးကို လက်ဆောင်ပေဖို့ မတွန့်ဆုတ်ဘဲ နေရိုးလား?

ကျွန်တော်လည်း အကြောင်းမရှိ လသာ မော့ကြည့်နေမိသည်။

ခဏအကြာမှာ အိမ်ဘက်က တံခါးဖွင့်သံကြားတော့ သူ Sweater လေး ထပ်ဝတ်ကာ ထွက်လာသည်လေ။

" မအိပ်သေးဘဲ ဘာလုပ်နေတာလဲ?"

သူမေးပြီး ကျွန်တော့်ဘေးလာထိုင်သည်။

" အော် အိပ်မပျော်လို့"

ပြောလိုက် Wu Yi Fan

ပြောတော့ ပြီးရင် ဆွဲကြိုးပေးတော့

စိတ်ထဲက အကြိမ်ကြိမ်အားပေးနေပေမယ့် လက်တွေ့မှာတော့ ဟိုဟို ဒီဒီသာ လျှောက်ကုပ်မိနေသည်။

" မင်းတကယ် ငါ့ကို မွေးနေ့ဆုတောင်း မလုပ်ပေးဖူးလား ၁၀ မိနစ်လောက်ဘဲ လိုတော့တယ်"

သူ့မျက်နှာကို ဆူပုတ်ပုတ်ကလေး ထားပြီး အကြောင်းမရှိ မြေကြီးကို ခြေထောက်နှင့် ထိုးဆွရင်း စကားစလာသည်။

You've reached the end of published parts.

⏰ Last updated: Aug 15, 2016 ⏰

Add this story to your Library to get notified about new parts!

Tears For SmilesWhere stories live. Discover now