" မင်းဘယ်အထိဆက်လိုက်နေမှာလဲ"
ကျွန်တော် စိတ်မရှည်တော့ သဖြင့် အံကြိတ်ကာ မေးလိုက်တော့ Sehun က ခပ်ပြုံးပြုံးနှင့်ပင်။
" မင်းသွားတဲ့ နောက်ပေါ့ကွ"
သူပြောပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေတယ်။
" ဘာလို့ ဒီနေရာကို လာတာလဲ လာနေကျလား?"
ပိတ်ထားသည့်နေရာက ကျောင်းဆောင်ပျက်ဖြစ်တဲ့ အတွက် အသွားအလာလည်း ဘယ်သူမှမရှိတော့ သူထူးဆန်းနေမှာပေါ့။
ဘယ်သူမှ မရှိတဲ့ နေရာက သာမန်လူအတွက် ပျင်းခြောက်ခြောက်နိုင်လှပေမယ့် ကျွန်တော့်အတွက်တော့ တကယ့် စိတ်ချမ်းသာစရာနေရာလေးပါ။
" ဟုတ်တယ် ငါလာနေကျ ပြီးတော့ ငါတစ်ယောက်တည်း လာနေကျ ဘယ်သူမှမပါဘဲ နောင်လည်း ဒီလိုဘဲ ဒီနေရာကို လာချင်တယ်"
ပြောချင်တာက သူ့ကို ထပ်မလိုက်ဖို့ပေါ့။
ကျွန်တော့် ကံကြမ္မာက တကယ့်ကို ကံဆိုးစေတာလားတော့ ကျွန်တော်လည်း တကယ်မသိ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူ့ကို ဒုတိယ Yixing တော့ ထပ်မဖြစ်စေချင်ဘူး။
သူနဲ့ ဝေးဝေးနေတာ သူ့အတွက် အကောင်းဆုံးလို့ထင်တယ်။
" ဟုတ်လား ဒါပေမယ့် ဒီနေရာ မင်းပိုင်တာမှ မဟုတ်တာ ငါလည်း လာလို့ရတာဘဲ ဟုတ်တယ်ဟုတ်"
" ငါမင်းကို တကယ် မထိခိုက်စေချင်ဘူး"
ကျွန်တော် ပြောတော့ သူထပ်ပြုံးတယ်။
" အင်းး အဲဒီ ရူးကြောင်ကြောင်အစွဲကိုလည်း ငါချွတ်ပေးမယ် မင်းကိုယ်တိုင်က ဒီလိုဖြစ်နေလို့ လူတိုင်းက မင်းကို ပယ်ထားကြတာ ငါ မင်းတို့ အတွေးတွေ မှားနေတာ သက်သေပြပေးမယ်"
သူပြော၍ ကျွန်တော့်ရှေ့တိုးလာကာ ကျွန်တော့် ပခုံးကို လာကိုင်တယ်။
ပြီးတော့ ၂ ချက်လောက်ဆင့်ပုတ်ပြီး
" တွေ့လား ငါအခုထိ အကောင်းကြီးဘဲ"
ပြောပြီး ရယ်ပြပြန်တယ်။
ဒိန်းးးးးးးးဂျိန်းးးးးးးးး