creepy Berry

5.3K 481 46
                                    

"အဲ့လိုရောရလား..
အရမ်းနာမှာလားဟင်.."

"Baek berry ရယ်..Jelpa..ပြန်ရအောင်..
မလုပ်ပါနဲ့ကွာ...လှတာလဲမဟုတ်ဘူး.."

Kyungsoo က အကြောက်အကန်နှင့် Baekhyun
ရဲ့လက်ကိုအတင်းဆွဲကာထိုနေရာမှထွက်ရန်ပြန်နေ
၏..

"ထုံဆေးနဲ့ဆိုတော့မနာပါဘူး.."

ဆရာဝန်ကမနာဘူး ပြောတော့ Baekhyun ရဲ့
မျက်နှာလေးကဝင်းပကာ

"ငါလုပ်ချင်တယ်...မနာဘူးတဲ့..နော်..နော်..."

Kyungsoo ရဲ့လက်ကိုလှုပ်ယမ်းကာပက်ချွဲ
နှပ်ချွဲလုပ်နေသော Baekhyun ကိုကြည့်ပြီး
သက်ပြင်းချမိလေသည်..

Baekhyun ဆိုတဲ့ အကောင်လေးဟာလေ သူလုပ်
ချင်တာလုပ်တဲ့အမျိုးလေး..Kyungsoo ဆိုသော
ကျတော်က နောင်ဖြစ်လာမယ့်ရှေ့ရေးဘေးတွေ့ မှာကို မြင်နေတော့တားတယ်...တားတိုင်းလည်း
တားမရခဲ့ပါဘူး..

"အေး..လုပ်..တစ်ခုခုဖြစ်ရင် ကိုယ့်စရိတ် နဲ့ကိုယ်နော်.."

ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြနေသော Baekhyun
ရဲ့ခေါင်းကိုထုထလိုက်ချင်ရဲ့..

ပြောရပြန်ပြီပေါ့အဲ့စကား..အဲ့လိုပြောလည်းပြော
တာပါပဲ..ပြီးရင်သူ့လုပ်တဲ့ကိစ္စတွေထဲဆွဲဆွဲထည့်
တာပါပဲ...ဘယ်လိုဟာလေးနဲ့ သူငယ်ချင်းဖြစ်ရလဲမ
သိ.. Kyungsoo မျက်နှာရှစ်ခြောက်ချိုးနဲ့သာ
Baekhyun နဲ့တူတူအခန်းတစ်ခုထဲသို့ဝင်သွားလေ
သည်..

"ကောင်လေး..ဒီထိုင်ခုံပေါ်ထိုင်ပေးနော်.."

Kyungsoo ကတော့အခန်းပေါက်ဝနားက
ထိုင်ခုံလေးတွင်သာထိုင်စောင့်နေလေသည်..

ထိုင်ခုံကသွားဆေးခန်းများတွင်ရှိသောဆေးကု
သောထိုင်ခုံနှင့်တူသ​ယောင်​...

အခုဘာလုပ်ဖို့လဲဆိုတော့ကာ..
Baekhyun နားဖောက်ဖို့တဲ့..နားရိုးတစ်လျှောက်
အပေါက်ဖောက်ပြီးချိန်းကြိုးဆွဲချင်တယ်တဲ့..
Magazine တစ်ခုကမော်ဒယ်လ်တစ်ယောက်ရဲ့
ထိုသို့ပြုလုပ်ထားသောပုံကိုတွေပြီးသောတစ်ကာလ Byun baekhyun တစ်ယောက်လည်းထို
ကဲ့သို့လိုက်​ရူးသွပ်​​လေသည်​..

Aww..အနီးဆုံးအရူးတစ်​​ယောက်​ကိုလက်​ညှိုး
ထိုးပြပါဆိုလျှင်​ Baek berry ကိုထိုးပြရလိမ့်​မယ်​.

Pinky BerryWhere stories live. Discover now