ခ်စ္လွစြာေသာ........

Start from the beginning
                                    

အခုနေများ..... သူ့ကို တွေ့လိုက်ရလျှင်... ကျွန်တော်... ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာ.... ငိုပစ်မိသွားနိုင်သည်.... ။

သို့သော်....
ကျွန်တော့် သံသယများအား ပြေပျောက်သွားစေရန်ပင်..... ဘယ်တုန်းကမှ... ထုတ်ဖော် မပြောခဲ့သည့်... သူ့ အကြောင်းပြချက်အား...
ကျွန်တော် နားထောင်ချင်သည်.... ။

တွေဝေတုံ့ဆိုင်းစွာပင်... ကျွန်တော် သူ့အိမ်ဘက်သို့... ဦးတည်မိတော့သည်.... ။

•••

ယာဉ်တိုက်မှု ဖြစ်ရန် အကြိမ်ကြိမ် နီးကပ်နေသည့်... အခြေအနေဖြင့်... ကျွန်တော် သူ့အိမ်ရှေ့ ရောက်လာခဲ့သည်.... ။

ကွန်ဒိုများအား.... မနှစ်သက်သည့်.... သူသည်... ကွာရှင်းပြီးသည့်နောက်... တိတ်ဆိတ်၍ လူနည်းစု ရပ်ကွက် တစ်ခုအတွင်း... သည် တစ်ထပ်အိမ် တိုက်ပုကလေးအား... ဝယ်ယူခဲ့ပုံရသည် ....။

ကျွန်တော်...L.A က ပြန်ရောက်ပြီး.... တစ်ခေါက်တော့.. အဝေးမှ လာကြည့်ခဲ့ဖူးသော်လည်း.... ခြံရှေ့အထိ ရောက်လာခြင်းက ပထမဆုံးပဲ ဖြစ်သည်...။

ခပ်ဟ ဟ ဖြစ်နေသည့် ခြံတံခါးအား... မရဲတရဲ တွန်းဖွင့် ဝင်လာခဲ့သည်.... ။ သူ အိမ်မှာ ရှိနေရဲ့လား... ။
ညာဘက် မြက်ခင်းကွက်ငယ်၏ ပတ်လည်အနားများရှိ နှင်းပန်း ဖြူဖြူများသည် ... ကျွန်တော့်အား.. လှောင်ပြောင်နေကြသည့်ပုံ... ။

နီညိုရောင် ကျွန်းတံခါးအား... ကျွန်တော်... မတ်တပ်ရပ်လျက် ငေးကြည့်နေမိသည်... ။
လူခေါ်ဘဲလ် မရှိ.... ။ Lock ရှိပုံပင် မရ.... ။

တံခါးအား... တွန်းဖွင့်ကြည့်ရန် လက်လှမ်းစဉ်မှာပဲ... ပွင့်သွားကာ.... အိမ်အတွင်းမှ သူထွက်လာသည်... ။
အနည်းငယ် အံ့ဩသွားဟန်ဖြင့် ... သူ ... ကျွန်တော့်ကို ကြောင်ငေးလျက်..... ။

နောက်တော့...သူ့ ထုံးစံအတိုင်းပဲ.... ပုံမှန်အတိုင်း..
ကျွန်တော့်ကို ခပ်ပြုံးပြုံးကြည့်သည်....။
မျက်လုံးများကတော့.... ကျွန်တော့် မျက်နှာအား... စူးစမ်းလေ့လာနေသလိုမျိုး.... ။

" ကိုယ် မျက်ရည်သုတ်ပေးချင်ပေမယ့်... လက်က မအားပြန်ဘူး... ခဏလေးနော်... "

ခ်စ္လွစြာေသာ......Where stories live. Discover now