ခ်စ္လွစြာေသာ...........

6.1K 628 13
                                    

ကိုယ် နားလည်သဘောပေါက်ထားသည့် အချစ်ထဲ ထိန်းချုပ်ပိုင်ဆိုင်လိုသည့် အတ္တတွေ ဘယ်နှစ်ရာခိုင်နှုန်းလောက်ပါနေမလဲ မတွေးတတ်ဘူး.....။

လွတ်လပ်စွာ... ရှင်သန်နေသည့် ဆယ်ကျော်သက်အရွယ် နှလုံးသားတစ်ခုကို နွံထဲ ဆွဲနှစ်ခဲ့မိတဲ့ တရားခံဟာ... ကိုယ်ပဲ...။
မင်းရဲ့ စိတ်ဒဏ်ရာတွေကို လျှော့ချဖို့ ကြိုးစားရင်း ..... အမာရွတ်တွေပဲ တိုးလာစေခဲ့တဲ့ တရားခံဟာလဲ ကိုယ်ပဲ ထင်ပါရဲ့...။

ကိုယ် ရူးရူးမိုက်မိုက်ကို မှားယွင်းခဲ့တာပေါ့နော်...။ အဲ့ဒီ မှားယွင်းမှုတွေထဲတော့.. ရိုးရှင်းသည့် အမှန်တရားတစ်ခု ကပ်ငြိနေတဲ့  အကြောင်း ကိုယ် ရှင်းပြရင် မင်း ယုံမလား...။

နောင်တဆိုသည့်... ပေါပေါပဲပဲ စကားလုံးနဲ့တော့ ဖော်ပြဖို့ မတန်သည့် ကိုယ်ရဲ့ အမှားတွေဟာ.. ကလေးကို တစ်စုံတစ်ရာ ထိခိုက်သွားဖို့ မရည်ရွယ်ခဲ့မှန်း.. ကိုယ် ကျိန်တွယ် ပြောနိုင်သည်...။

အဲ့ဒီ ဧည့်ခံပွဲညနေမှာ..
မင်းရဲ့ ခပ်ဖျော့ဖျော့ မျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကို မဖတ်ခဲ့မိဖို့....။

( ဘယ်တုန်းက လက်ထပ်ခဲ့တာလဲဟင် )
ဆိုသည့်..  တုန်ရီနေသည့် အသံကြားထဲက ခံစားချက်များကို မဖွင့်ဆိုမိခဲ့ဖို့...။

( ဒီအတိုင်းပဲ.. ကိုယ်တို့ ချစ်နေကြလို့ရတာပဲ )
ဆိုသည့် စကားအား.... လိပ်ပြာသန့်စွာ သို့မဟုတ်... လိပ်ပြာသန့်သလိုဟန်ဆောင်ကာ.... မပြောခဲ့မိဖို့...။

မင်းအနားကို ရောက်လာဖို့.. ကိုယ် လဲလှယ်လိုက်ရတဲ့ တန်ဖိုးတွေကို သိချင်မလား....။

ကိုယ် နည်းနည်းမှ နောင်တမရဘူး သိရဲ့လား...။ နောက်တစ်ကြိမ် ထပ်ဆုံးဖြတ်ခိုင်းဦးမယ်ဆိုရင်တောင် ကိုယ့် အဖြေတွေဟာ တသမတ်တည်း ဖြစ်နေဦးမှာ..။

မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ..  မင်း ကိုယ့်ကို နာနာကျည်းကျည်း ထားပစ်ခဲ့လိမ့်မယ်လို့ သဘောပေါက်ထားခဲ့ပေမယ့် ...  ဒီလောက် အချိန်စောစော ရောက်လာလိမ့်မယ်လို့ ကိုယ် မတွေးထားခဲ့ဘူး... ။

______________________________________

" ဂျာမနီက ပို့လိုက်တယ်ဆိုတဲ့ လက်ဆောင်ထုတ်ထဲ ... ပြေစာစာရွက်ပေါ်က ခင်ဗျားရဲ့လက်မှတ်အကြောင်းလေး.. ကျွန်တော့်ကို ရှင်းပြစမ်းပါဦး !.. .. "

ခ်စ္လွစြာေသာ......Where stories live. Discover now