ခ်စ္လွစြာေသာ.........

Start from the beginning
                                    

ဘုရားသခင်.... ကျွန်တော့်ရဲ့ ထိန်းချုပ်နိုင်စွမ်းဟာ.. Beijing မှာတော့.. အသုံးမဝင်ဘူး.. ထင်ပါရဲ့...။

အစည်းအဝေး ခန်းမ၏ တံခါးကို ဆွဲမဖွင့်လိုက်ခင်.. ကျွန်တော် စိတ်ကို တည်ငြိမ်အောင် .. နှစ်မိနစ်လောက်တော့ ရပ်နေမိသည်.... ။

သက်ပြင်းတစ်ချက်ချကာ.. တံခါးကို ဆွဲဖွင့်ပြီးနောက်.
. ခန့်မှန်းထားခဲ့သလိုပင်... တစ်ခန်းလုံး၏ အကြည့်များက ကျွန်တော့်ထံ ကျရောက်လာခဲ့သည်...။

အားလုံးကို တစ်ချက် ဝေ့ကြည့်ကာ.. အနည်းငယ် ပြုံးရင်း.
ကျွန်တော် ထိပ်ဆုံး.. ခုံနား မတ်တပ်ရပ်ကာ.. နှုတ်ဆက်စကားပြော၍ ကိုယ့်ကိုကိုယ် မိတ်ဆက်နေတုန်း...။

ဘုရား... ဘုရား... အဲ့ဒီ ဖောက်ထွင်းသွားမတတ် ငေးမောနေတဲ့.... ကျွန်တော် အရင်းနှီးဆုံး.. မျက်လုံးတွေ...။

ဒီလူဟာ.. အခုအချိန်ထိ.. ကျွန်တော့်ကို တွေဝေခက်ခဲအောင်... လုပ်နိုင်စွမ်း ရှိတုန်းပါပဲလား.....။

၁မိနစ်လောက် ပြန်လည် စိုက်ကြည့်ပြီးနောက်...ကျွန်တော်.. အကြည့်ကို လွှဲလိုက်မိသည်...။ သေလိုက်စမ်း... ဘာဖြစ်လို့ .. ပြန်ငေးနေမိလိုက်ပါလိမ့်...။

အနည်းငယ် အစီအစဉ်မကျတဲ့ ကျွန်တော့် မိတ်ဆက်စကားများနဲ့ ကျေးဇူးတင်ကြောင်းကို...
လူကြီးများက...သဘောကောင်းစွာ... နားလည်ပေးကြပါသည်...။

ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့်.. ဖေဖေ့သား ကျွန်တော့်ကိုပင်.. ကုမ္ပဏီအား အပ်နှံဖို့.. သဘောတူကြပေးတာနဲ့တင် သိပ်ကျေးဇူးတင်စရာကောင်းနေပြီ....။
သို့သော်လဲ . အကဲခတ် စောင့်ကြည့်နေဆဲ ကာလဖြစ်သည်ကို ကျွန်တော် သဘောပေါက်သည်...။

ညစာ စားပွဲတော့...နောက်နေ့မှ လုပ်ရန်...တောင်းပန်လိုက်ရသည်... ။ ကျွန်တော် နားချင်နေပြီ... ။ တကယ်ဆို...ကျွန်တော်... ဒီ ခန်းမထဲက မြန်မြန် ထွက်သွားချင်နေပြီ...။

တစ်ချိန်လုံး...ကျွန်တော့်ထံရောက်နေသည့်.. မျက်လုံးတွေအား.. မကြာခဏ မဆုံမိအောင် ထိန်းချုပ်ရခြင်းက. အတော် ခက်ခဲသည်....။
လှစ်ခနဲ ပြုံးလိုက်သည့် သူ့နှုတ်ခမ်းတွေထဲ.. ကျွန်တော်.. ကမောက်ကမတွေ ဖြစ်မသွားချင်ပါ..။

ခ်စ္လွစြာေသာ......Where stories live. Discover now