လေပြေတွေ တဖြူးဖြူးတိုက်ခတ်နေသည် မျက်စိမှိတ်ထားပြီး မျက်နှာထဲ တိုးဝင်နေတဲ့ လေညင်းလေးတွေရဲ့ အေးစက်မှုကို ခံစားနေ လိုက်သည် … အရင်က ဒီလိုနေရာရှိတာ မသိခဲ့ဘူး တိတ်ဆိတ်ပြီး လူတွေနဲ့ကင်းဝေးတဲ့ နေရာ …
သူ့ကို မတွေ့တာ တစ်ပတ်လောက်ရှိပြီ ကျွန် တော် ရေကန်ထဲပြုတ်ကျတဲ့နေ့ထဲက မတွေ့ တော့တာ … အရင်လို ဘေးနားမှာ အရိပ်လို လိုက်နေတဲ့ သူမရှိတော့လည်း စိတ်ထဲတစ်မျိုးပဲ ကျွန်တော်ကိုဆို အမြဲ လိုက်စနေတတ်တဲ့ ပြုံး နေတဲ့ သူ့မျက်နှာလေးကိုလည်း မြင်ချင်တယ်
mike : hey kyung soo
ရုတ်တရက် နောက်ကထွက်လာတဲ့ အသံ ကြောင့် လန့်သွားမိသည် kai ဘယ်မှာလဲ အရင်ကဆို ဒီလိုအချိန် သူရောက်လာတတ် တယ် အခုလည်း မျှော်လင့်ချက်လေးနဲ့ ဘေးနားကြည့်နေပေမယ့် ဘယ်သူ့အရိပ်အ ယောင်မှ မတွေ့ရဘူး … တစ်ယောက်ထဲ လာ နေမိတာ မှားပြီ
kyung : ဘာလုပ်မလို့လဲ
mike : စိတ်အေးအေးထားပါ ဘာမှမလုပ်ဘူး နေ့လည်ကျရင် တစ်ကျောင်းလုံးရှေ့မှာ မင်းကို လက်ဆောင်ပေးမလို့
လက်ဆောင် ? မလိုချင်ဘူး မကောင်းတဲ့ကိစ္စ တွေ ဖြစ်မလာပါစေနဲ့ … စိတ်ထဲက အထပ်ထပ် ဆုတောင်းနေမိသည် သူဘာမှ ပြန်မပြောခင် mike တို့က ထွက်သွားပြီ သူ့ကို ဘယ်သူမှန်း မသိတဲ့ ဒီကျောင်းလေးမှာတော့ အေးဆေး နေ ချင်သေးတယ် …
စာသင်နေတာလည်း စိတ်မပါ … mike ပြောသွားတဲ့ စကားကိုပဲ အာရုံရောက်နေမိ သည် အတန်းက psychological ဆိုတော့ သိပ်စိတ်ဝင်စားဖို့မကောင်း… ဆရာသင်တဲ့ အကြောင်းအရာတွေက မထူးဆန်းတော့ဘူး အမှန်တိုင်းပြောရရင် 19 နှစ်ဆိုတဲ့ အချိန် အတွင်း emotion အမျိုးမျိုးကို သူခံစားဖူးခဲ့ပြီး ပြီ အဆိုးဆုံးက loneliness , depression …
သူ့ဘဝတစ်လျှောက်လုံး အ့နှစ်မျိုးက ကြီးစိုး ထားတာဆို ပိုမှန်မယ်" ကိုယ့် ခံစားချက်တွေကို မိသားစုနဲ့ မျှဝေပြီး အကြံဉာဏ်ယူသင့်တယ် "
ဆရာ ပြောတဲ့စကားကို ကြားလိုက်တော့ ခေါင်းခါမိသည် သာမန်လူတွေ အတွက်တော့ ဟုတ်တာပေါ့ family life ? သူနဲ့ အရမ်းကို တစိမ်းဆန်လွန်းတဲ့ အရာ … ဘယ်တော့မှ ဖြစ် မလာနိုင်တဲ့ အရာ
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile