Part 8

2.4K 257 4
                                    

chen ; ခုထိ မတွေ့သေးဘူးလား

baek တို့ကို မေးကြည့်တော့လည်း မသိဘူးတဲ့
မနက်ထဲက ပြေးထွက်သွားတာ ခုချိန်ထိမတွေ့
ဘူး

chen : ငါရေကူးကန် ဖက်သွားကြည့်လိုက်
ဦးမယ် မင်းတို့ တခြားနေရာရှာကြည့်

baek တို့ကိုပြောပြီးတာနဲ့ အမြန်ထွက်လာခဲ့
သည် အားကစားခန်းမက လူရှင်းနေတယ် ရေ
ကူးကန်တွေရှိတဲ့ ဘက်ကိုလာခဲ့လိုက်တော့
ဗွမ်း ဆိုတဲ့ အသံကြားလိုက်ရတယ် ဒါတစ်ခုခု
ရေထဲ ပြုတ်ကျသွားတာမလား ? သိချင်စိတ်နဲ့
ဝင်ကြည့်လိုက်တော့

chen ; kai မလား ? သူက ဘာရပ်လုပ် ……

လူတစ်ယောက် ရေကန်ထဲကျနေတာ မလား ?
kim kai မကယ်ပဲ ဘာလုပ်နေတာလဲ နေပါဦး
kyung sooနဲ့တူသလိုပဲ ရေကန်ထဲပြုတ်ကျ
သွားတဲ့ သူကိုသေချာကြည့်တော့ kyung soo
ဖြစ်နေတယ် သူလည်း ဘာမှမစဉ်းစား နေတော့
ပဲ အမြန်ကယ်လိုက်တယ် ရေကန်ဘောင်ပေါ်
kyung soo ကို မနည်းဆွဲတင်နေရတယ် ခုထိသတိမရသေးဘူး

chen ; ya kim kai !!! တခုခုလုပ်လေ အကူညီသွား မတောင်းပဲ ဘာလုပ်နေတာလဲ !!

အခုချိန်ထိ မျက်လုံးအဝိုင်းသားနဲ့ ရပ်ကြည့်နေ
တဲ့ kai ကို အော်လိုက်မှ သတိပြန်ဝင်လာပြီး ပြေးထွက်သွားတယ်

chen ; kyung soo ! သတိထားဦးလေ

ပါးနှစ်ဖက်ကို ရိုက်ပြီး လှုပ်ခေါ်နေပေမယ့် ဘာမှ
မထူးသေးဘူး ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ဖိပြီး
အသက်ကယ်နေရတယ် သုံးလေးခေါက် ပြီး
တော့မှ ချောင်းဆိုးသံနဲ့အတူ kyung soo ပါးစပ်ထဲက ရေတွေပြန်ထွက် လာတာတွေ့
တယ်

chen ; သတိရပြီလား kyung soo အသက်ရှု
လို့ရလား ?

kyung ; ch….chen

ခုမှပဲ သက်ပြင်းချနိုင်တော့တယ် အ့အချိန် yeol
တို့ပြေးဝင်လာတာ တွေ့လိုက်တယ်

lu ; kyung soo ya !! အဆင်ပြေရဲ့လား

baek ; မင်း မသေဘူး မလား! အီး ဟီး !

ငိုနေတဲ့ baek ကို yeol က အတင်းဆွဲထား ရတယ် yeol တို့ အကူညီနဲ့ ကျောင်းဆေးခန်း
ကို ပို့လိုက်တယ် ဆရာဝန်က လိုအပ်တာ အား
လုံး လုပ်ပေးပြီး သူတို့ကိုပဲ အခန်းထဲမှာ လွတ်လွတ်လပ်လပ် ထားခဲ့တယ် ဆေးအရှိန်နဲ့
အိပ်ပျော်နေတဲ့ kyung soo ဘေးမှာ စကား
ပြောနေကြတယ်

My Turn To Cry [Completed]Where stories live. Discover now