မောင်ညီမလေးတို့ရေ...

Start from the beginning
                                    

အခုလည်း
DOက မြေပြင်မှာ တုတ်နဲ့ပုံတွေထိုင်ဆွဲနေတာ
ကို...Chanyeolက သူ့ခြေထောက်ရှည်ကြီးနဲ့
ဖျက်ဖျက်ပစ်ပီး တခွီးခွီးရယ်နေသည်။
Suhoကတော့ သစ်ရွက်ကြွေတွေလိုက်ကောက်
ကာ ecosystem ပျက်စီးတယ်ဆိုလား...
ဘာလားမသိသော စကားတွေကို
ရှေ့ပြန်နောက်ပြန် အခါ100လောက် ပွစိပွစိ
ရေရွတ်နေသည်။
Taoဆိုတဲ့ တစ်ယောက်ကတော့
သစ်ပင်ပင်စည်ကို ဝူးဝူးဟဟအော်ပြီး
တိုက်ကွမ်ဒိုချသလိုချနေလို့ လက်တစ်ဖက်နာ
ပီး...Krisသွားပြတော့...ဟိုက"Nal style
Arnyi ah.."ဆိုလာတော့...
Sehunက မြေမှုန့်တွေကောက်ကော်ကာ
ဆေးဟုဆိုပီး Taoလက်ကို ထည့်ပေးမည်လုပ်
နေသောကြောင့် Taoတစ်ယောက် ဆူဆဲရင်း
သစ်ပင်ပတ်ပြေးနေရသည်။

Luhanကတော့ သစ်ပင်ကိုမှီကာ အိပ်မောကျ
နေသော Lay၏လက်မောင်းတစ်ဖက်ကို
မလိုက် ချလိုက်နှင့်...
အလေးမ သလို မ နေလေသည်။
အဲ့ Layဆိုသော တစ်ယောက်ကလည်း
တော်တော်အံ့သြဖို့ကောင်းသည်။
ခုဏက သစ်ပင်ကိုပတ်ပြေးနေသော
Tao...သူ့ခြေထောက်တစ်ဖက်ကို တက်နင်း
သွားတာတောင် ခေါင်းလေး ညာဖက်ကိုသာ
တစ်ချက်ငဲ့စောင်းသွားသည်။နိုးမလာ...။
Taoနောက်က မြေကြီးတစ်ဆုပ်ကိုင်ကာ
တဟီဟီပြေးလိုက်လာသော OhSeကလည်း
ရှေ့လူလုပ်သည့်အတိုင်း အားကျမခံ နောက်
ကျန်ရှိနေသော ခြေထောက်တစ်ဖက်ကို
တက်နင်းလိုက်ရာ...
Layခေါင်းလေး ဘယ်ဘက်ကိုသာ ငဲ့စောင်းကျ
သွားသည်။
နိုးကားမလာ...။

ကျန်သူတွေကလည်း ကျန်သူတွေအလျောက်
ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ရှာဖွေနေကြသည်။
ထိုအခိုက်...
ကျောင်းအုပ်ဘက်ကို လှည့်ကြည့်လာသည်က
သူ့ဆံပင်သူ လက်နဲ့ဖွလိုက်...ရေဘူးထဲက
ရေနဲ့ပြန်ဖိလိုက်လုပ်နေသော Chen...။

ကျောင်းအုပ် ချက်ချင်းပဲ မျက်စိတိမ်စွဲသွားသလို
လို...
ကန်းသွားသလိုလို လုပ်လိုက်ရသည်။
မျက်စိကို ကျွတ်ကျမတတ် ပွတ်ကာ...
တစ်ဖက်စောင်းငဲ့လိုက်ရသော ကျောင်းအုပ်ကို
Chen နားမလည်သည့် ဟန်ပန်လေးနှင့်
ခေါင်းလေးငဲ့စောင်းကြည့်ရင်း...
သူ့ရေဘူးထဲက ရေကို သူ့လက်ဖဝါးပေါ်
သူပြန်လောင်းချနေလေသည်။

မြင်နေရ...ကြားနေရတာ မျက်စိနောက်နေသော်
လည်း...
မမွှေပဲ သူတို့ ဘုံဗိမာန်မှာ သူတို့မြူးထူးနေသည်
မို့...ကျောင်းအုပ် အသာလွှတ်ထားရသည်။
သို့ပေမယ့်...
အမွှေကို သူတို့မရှာသော်လည်း
သူတို့အတွက် အမွှေက တမင်ရောက်ချလာခဲ့
လေသည်။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now