Chapter-1[Beginning]

4.3K 331 0
                                    

"ကျနော် …ဥက္ကဌWu နဲ့တွေ့ချင်လို့ ပါ"

"အပေါ်ဆုံးထပ်ကို တက်သွားလိုက်ပါ"

       Wu companyရဲ့ ဧည့်ကြိုကောင်တာမှာမေးပြီးတော့ အထပ်30အမြင့်မှာ ရှိတဲ့ ဥက္ကဌWu ရဲ့အလုပ်ခန်းဆီ သွားဖို့ 
ကျနော့်ခြေလှမ်းတွေက သူများတွေလို ဓာတ်လှေကားဆီ မဟုတ်ဘဲ အရေးပေါ်လှေကားဆီ ဦးတည်ခဲ့တယ်…
ဓာတ်လှေကားစီးဖို့ ဆိုတာ သူ့ ဘဝမှာ အခက်ခဲဆုံးအလုပ်တစ်ခု ဖြစ်နေသည်…

        အထပ်30.…အထပ်30..…ဘာလို့ များ အပေါ်ဆုံးထပ်မှာမှ သူ့ အလုပ်ခန်းက ရှိနေရတာလဲ?
ခြေထောက်တွေညောင်းပြီး ပင်ပန်းလာပေမဲ့ လက်လျှော့လိုက်ဖို့ 
စိတ်ကူးဆိုတာ မြူ တစ်မျှင်စာတောင် မရှိ…
ကျနော်တို့ မိသားစုအတွက် သူက မျှော်လင့်ချက်တစ်ပိုင်းတစ်စဖြစ်နေသည်လေ…

     အပေါ်ဆုံးထပ်ဆီ ရောက်တော့ လူက ဟောဟဲလိုက်ပြီး မျက်လုံးတွေတောင် ပြာလာသလို…ခြေသလုံးကြွက်သားတွေနာလာတာကို
မသိချင်ယောင်ဆောင်ရင်း အရေးပေါ် လှေကားကနေ အပြင်ကို ထွက်လိုက်တယ်…
Wow~~မြင်လိုက်ရတဲ့ အတွင်းက အပြင်အဆင်ကြောင့် ကျနော့် မျက်လုံးတောင် မယုံနိုင်ဖြစ်သွားရတယ်…
လျှောက်လမ်းအပြည့် ကော်ဇောအနက်တွေ ခင်းထားပြီး ဘေးနံရံတွေမှာလည်း ပန်းချီကားတွေ ချိတ်ဆွဲထားတယ်…ခမ်းနားလိုက်တာ!အပြင်ဘက်ကိုတောင် ဒီလောက် ခမ်းခမ်းနားနားပြင်ဆင်ထားရင် အခန်းထဲမှာဆို ဘယ်လောက်တောင် ဖြစ်နေမလဲဆိုတာ ကျနော် မတွေးတတ်အောင် ဖြစ်သွားတယ်…

"ဥက္ကဌနဲ့တွေ့ချင်ရင် အစည်းအဝေးပြီးတဲ့အထိ စောင့်ပေးပါ"

        အနားကို ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့စကား
ကြောင့် ကျနော် အနည်းငယ်စိတ်ပျက်မိသွားတယ်…
စောင့်ရတဲ့အလုပ်က ကျနော် အမုန်းဆုံးပဲလေ!

         ထိုမိန်းကလေးက ကျနော့်ကို မှန်တွေနဲ့ ကာထားတဲ့အခန်းတစ်ခန်းထဲ ခေါ်သွားတယ်…ကြည့်ရတာ ဧည့်သည်တွေကို စောင့်ခိုင်းတဲ့အခန်းထင်တယ်…

"ဒီမှာ စောင့်ပေးပါ"

"nae"

         ထိုမိန်းကလေး လာချပေးတဲ့ ကော်ဖီတစ်ခွက်ကို ကျနော် သောက်လို့ ပြီးသွားတော့ အချိန်က တစ်နာရီကျော်ကျော်လောက်
ကုန်သွားပြီ…
   
"လူတစ်ယောက်က တွေ့ဖို့ စောင့်နေပါတယ်"

Birth of RegretWhere stories live. Discover now