တံခါး အပြင်ဘက်မှ တိတ်ဆိတ်သွားလေသည်..။
ညံ့လိုက်တာ... ။ သူတို့ မသိကြဘူး...။ ကျွန်တော် ဘာကို လိုအပ်တယ်ဆိုတာကို..။စူးရဲသော အကြည့်တို့က TV ဖန်သားပြင်ကို ရောက်သွားကြပြန်သည်...။
သူတို့ ပြုံးနေလိုက်ကြတာ..။ ဟင့်အင်း...အဲ့ဒါ.. ကျွန်တော့်ရဲ့ အရှုံးတွေ...။မမြင်ချင်ဘူး...။ လူတွေဟာ ကိုယ့် အရှုံးကို ပြန်မြင်ရသည့်အခါ.. ဒီလိုပဲ နာကျင်တတ်ကြသလား ကျွန်တော် မသိ...။
ခွမ်း !..
ထို ပုံရိပ်တို့အား....လက်ထဲရှိ ပုလင်းဖြင့် ကောက်ပေါက်ပစ်လိုက်တော့သည်..။
အောင့်တက်လာသည့် ဝမ်းဗိုက်အား.. လျစ်လျူရှုလျက်..
ဘယ်နှစ်ပုလင်းမြောက်မှန်း မသိသည့်... ဆိုဂျူးကို မော့ချလိုက်မိသည်...။သတိလွတ်တစ်ချက်... မလွတ်တစ်ချက် ဖြစ်နေရာမှ..
စူးစူးဝါးဝါး ထိုးအောင့်တက်လာသည်...။တစ်ခုခု ဖြစ်သွားစမ်းပါစေ...။
ကျွန်တော် သေမလောက် နာကျင်ရပြီးမှ... ခင်ဗျား ဘေးနား ရှိနေနိုင်မယ်ဆို ဘာအရေးလဲ...။
အရာအားလုံးနဲ့ လဲပစ်လိုက်ဖို့.. ခင်ဗျားက ထိုက်တန်ပြီးသား...။•••
လှစ်ဟထားသည့် လိုက်ကာစများကြားမှ နေရောင်စူးစူးက ကျွန်တော့်ကို အနှောင့်အယှက်ပေးလျက်ရှိသည်...။
မျက်လုံးများကို ခပ်ဖြေးဖြေး ဖွင့်လိုက်သော်လည်း..
ဦးခေါင်းက ဆစ်ခနဲ.. ဆစ်ခနဲ ထိုးကိုက်လာသည်..။ဘယ်ဘက် လက်ဖျံက အောင့်နေသောကြောင့် ကြည့်မိတော့.... ။
ကျွန်တော် Drip ချိတ်ထားရသည်ပဲ...။ကုတင်ဘေးနားရှိ ခုံပေါ်တွင် ရေပတ်ဝတ်အစ ရှိနေသည်..။
အခန်းက သန့်ရှင်း သပ်ရပ်နေသည်...။သူရော.... သူ ရောက်မလာခဲ့ဘူးလား...။ ကျွန်တော် ဒီလောက် နေမကောင်းတာကို...။ ကျွန်တော် အားနည်းနေတာကို...။
ဝေ့ဝဲတက်လာသော မျက်ရည်တို့အား... ပုတ်ခတ်ပစ်လိုက်သည်...။
" Luhan... "
အခန်းထဲဝင်လာသည့်.. ခြေသံနဲ့အတူ.. သူ့ အသံကို ကြားလိုက်ရသည် ..။ ကျွန်တော် လှည့်ကြည့်မိတော့.. လက်ထဲမှာ .. ပန်းကန်တစ်လုံးကို ကိုင်ထားလျက်..။
ကျွန်တော် တဖက်လှည့်ကာ.. ပြုံးလိုက်မိသည်...။
أنت تقرأ
ချစ်လှစွာသော......
قصص الهواةခင်ဗျားဟာ အရာအားလုံးနဲ့ လဲပစ်လိုက်ဖို့ ထိုက်တန်ပြီးသား.......
ချစ်လှစွာသော........
ابدأ من البداية