ကျွန်တော်တို့ အနောက်ဖက်မှ ဆူဆူညံညံအသံတွေကြောင့် ကြည့်မိတော့ ရေစည်တွေ တင်ထားတဲ့ နေရာမှ တိုင်ကီတွေ ကျွန်တော်တို့ ဆီ လိမ့်လာတယ်။
ရုတ်တရက်ကြီးဖြစ်လာတာမို့ ကျွန်တော်လည်း ကြောင်ကြည့်နေမိတယ်။
ပြီးတော့ ကျွန်တော်ခံစားလိုက်ရတာက ကျွန်တော့်ကို တွန်းထုတ်လိုက်တဲ့ အားပြင်းပြင်းလက်တစ်စုံ။
ကျွန်တော် မျက်လုံးစုံမှိတ်လိုက်မိတယ်။
တိုင်ကီတေ အဝေးကို လိမ့်သွားသည့်နှယ် အသံက ဝေးသွားတော့မှ ကျွန်တော် မျက်လုံးတွေ ဖွင့်ကြည့်မိတော့ ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ လဲနေတဲ့ Sehun။
ကျွန်တော့်စိတ်ထဲ ထိပ်ခနဲ။
သူ့ဆီ အသည်းအသန်သွားကြည့်တော့ နှဖူးမှာ စီးကျနေတဲ့ သွေးတွေ။
ကျွန်တော်သူ့ကို ကုန်ူပိုး၍ ကျောင်းဆေးခန်းဆီပြေးလာခဲ့မိတယ်။
သူ့ကို ဆရာဆေးထည့်ပေးနေတဲ့ အချိန်မှာဘဲ ကျွန်တော် ပြေးထွက်လာမိတယ်။
ကျွန်တော်နားမှာ ဘယ်သူမှ ရှိနေလို့ မဖြစ်ဘူး။
ကျွန်တော်က ဘယ်သူနားမှာမှ ရှိနေလို့ မဖြစ်ဘူး။
ကျွန်တော် ကျန်တဲ့ အချိန်တွေ မတက်ဘဲနဲ့ ခေါင်မိုးထပ်မှာဘဲ သွားထိုင်နေမိတယ်။
ဒီအချိန် အကုန်လုံးက ကျွန်တော့်ကို ဝိုင်းလက်ညိုးထိုးနေလောက်ပြီ။
အဆိုးဆုံးက ကျွန်တော် Sehun ကို မျက်နှာချင်း မဆိုင်ရဲဘူး။
ကျွန်တော် ကျောင်းခေါင်းလောင်းထိုးပြီး တစ်ကျောင်းလုံး အိမ်ပြန်လောက်တဲ့ အချိန်မှ အိမ်ပြန်ခဲ့တယ်။
ကျွန်တော့်အခန်းတံခါးကို ဖွင့်တော့ ခုတင်ပေါ်မှာ ထိုင်ကာ နေသည့် ကျွန်တော့်ညီလေး။
" နောက်ကျတယ်နော်"
ကျွန်တော် ဘာမှ မပြောဘဲ necktie ကိုသာ ဖြည်ချနေလိုက်တယ်။
" မင်းသူငယ်ချင်း အသစ်စက်စက်အကြောင်း ကြားပြီးပြီ hk"
သူသက်သက် လာဆွနေတာ။