ခြံဝန်းကြီးထဲ အလယ်မှ မို့မောက်ပီး မြက်ပင်လေးတွေ ထွက်နေသော တောင်ကုန်းလေး။
ထိုတောင်ကုန်းလေးရှေ့မှာ ဒူးထောက်ချလိုက်တယ်။ဆိုဂျူပုလင်းထဲက
ယမကာတွေကို ခွက်သေးသေးလေးထဲ ထည့်လိုက်ပီး တောင်ကုန်းလေးပေါ် လောင်းချလိုက်တယ်။ကျန်သည့် ဆိုဂျူတွေကို မော့ရင်း
"Bii hyung..ဒီနေရာလေးက အေးချမ်းတယ်မလား...ကျွန်တော်တို့ ဒီနေရာလေးမှာ တူတူဆော့ခဲ့တယ်လေ...hyungရယ် ခုတခြားနေရာမှာ
ပျော်နေပီမလား...ကျွန်တော့ကို တယောက်ထဲ ထားခဲ့ပီး..hyungက အချစ်ဆိုတာကို မသိသွားဘူး...ကျွန်တော်ကတော့ အချစ်ဆိုတာကို သိလဲသိနေသလို လူတယောက်ကိုလဲ ချစ်တတ်နေပါပီ"~~~~~~
မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကို လိုက်ရှာနေမိတယ်။
သူ့ကို မတွေ့ဘဲ အိမ်တော်ထိန်းဦးလေးကိုပဲ
တွေ့လိုက်ရသည်မို့ မျက်လုံးလေးကို ပြန်မှိတ်ထားလိုက်သည်။"သခင်လေးက မှာထားတာ အကိုလေး နိုးလာရင်
ဆန်ပြုတ်တိုက်ပီး ဆေးတိုက်ထားခိုင်းတယ်"Kai:သူလာအောင်ထိ ကျွန်တော်စောင့်လိုက်ပါ့မယ်၊
"အဲ့လို မလုပ်ပါနဲ့ ကျွန်တော်တို့ပဲ ဆူခံရမှာ
အကိုလေးရယ် ဆန်ပြုတ်လေးတော့ သောက်လိုက်ပါနော်""ဟင့်အင်း.. ခင်ဗျားတို့ကို မဆူစေရပါဘူး..."
"နဲနဲလောက်ဖြစ်ဖြစ်တော့ စားလိုက်ပါနော်"
"ဟုတ်ကဲ့ပါ... စားပါ့မယ်...
ဘာလို့သူ့ကို ကြောက်ကြတာလဲ..
သူက ချစ်စရာလေးပါ"အိမ်တော်ထိန်းလဲ Kaiဖြေတဲ့ အဖြေကို အပြုံးလေးနဲ့ တုန့်ပြန်လိုက်တယ်၊။...
အိမ်တော်ထိန်းယူလာပေးသည့် ဆန်ပြုတ်လေးကို
နည်းနည်းသောက်ပီး ဆေးကိုလဲ သောက်လိုက်သည်။ဆေးအရှိန်ကြောင့် မှေးစင်းလာတဲ့ မျက်လုံးလေးတွေကို မှိတ်ချရင်း အိမ်မက် ကမ္ဘာလေးသို့ အလည်ရောက်သွားပြန်သည်။
Part-9
Start from the beginning