Part -2

54 4 1
                                    

FLAME ...........
which is deeply burning inside my heart .................

One Shot. (Sequel of I Need You by Nicole Hada.)

Starrings : Bang Yong Guk , Kim Him Chan

By Sojiro

ဆေးရုံကုတင်ပေါ်တွင် ဆေးအရှိန်ဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေသော Channieကို သူသတိလက်လွတ် ငေးကြည့်နေမိသည်။ နဂိုအသားဖြူသော်လည်း ပုံမှန်ထက် ဖြူဖျော့နေသော မျက်နှာ၊ ခြောက်သွေ့နေသော နှုတ်ခမ်းများနှင့် ချောင်ကျပြီး ညိုမည်းနေသော မျက်ဝန်းများမှာ အရင်တုန်းက သူ့ဘေးနားမှာ ပြုံးရွှင်စွာ ရယ်မောနေတတ်သော၊ ကျန်memberများကို ဂရုတစိုက် စိုးရိမ်ပူပန်ကာ တတွတ်တွတ်ပြောဆိုနေတတ်သော၊ ဘယ်လောက်ပင်ပန်းနေပါစေ သူ့ကိုအမြဲဖေးမကူညီတတ်သောသူနှင့် လုံးဝမတူလောက်အောင် ညှိုးနွမ်းနေသည်မှာ ဘယ်လောက်တောင် စိတ်ပင်ပန်းစိတ်ဓာတ်ကျနေခဲ့လဲဆိုတာ သူတွေးတောင်မကြည့်ရဲ။ သူကြောင်၊့ သူ့အပြစ်မကင်းသလို ခံစားလာရသည်။

လဲလျောင်းနေသော သူ့ဘေးနားတွင် ထိုင်ပြီး ရင်ဘတ်ပေါ်မှ လက်တစ်ဖက်ကို ဆွဲယူလိုက်သည်။ ပတ်တီးစည်းထားသော လက်ကောက်ဝတ်ကို မြင်သောအခါ သူ့ရင်မှာ ဆို့နင့်နာကျင်မှုကို ခံစားလိုက်ရသည်။ Channieလက်ကို ဆုပ်ကိုင်ထားရင်း သူ့စိတ်တွေက လွန်ခဲ့သော ရက်အပိုင်းအခြားကာလများဆီသို့ ပြန်ရောက် သွားခဲ့သည်။

သူတို့အဖွဲ့Law Suitဖြစ်လာတော့ သူ့စိတ်ဓာတ်တော်တော်ကျနေခဲ့သည်။ သူတို့အဖွဲ့ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်သွားမှာ သူကြောက်သည်။ ရည်မှန်းထားသော အောင်မြင်မှုများနှင့် ဝေးကွာသွားမှာ၊ ကျန်သော ညီငယ်များ စိတ်ဓာတ်ကျ အားငယ်သွားမှာ၊ သူတို့အနာဂတ်ကို ဖျက်စီးမိမှာ၊ သူ့အပေါ်ထားသည့် လေးစားမှု၊ ယုံကြည်မှုတို့ကို ဖျက်စီးမိမှာကြောက်သည်။ ထို့ကြောင့်ပင် သူသွေးအေးတည်ငြိမ်သလို ဟန်ဆောင်နေခဲ့သည်။ သူ့ရင်ထဲမှ ကြောက်လန့်မှု၊ စိုးရိမ်ပူပန်မှု၊ ထိတ်လန့်မှုများကို ဘယ်သူမှမမြင်အောင် သွေးအေးသယောင်နေခဲ့သည်။ တနေ့တနေ့ အိပ်မရသောညများ ဆက်နေသည်ကို သူကလွဲ၍ ဘယ်သူမှမသိ။ လူမမြင်ကွယ်ရာမှာ ချခဲ့သော သက်ပြင်းများ အံကြိတ်ကာ အားပြန်တင်းခဲ့ရသော အချိန်များကို သူသာလျှင်သိသည်။ သူတစ်ယောက်တည်းအတွက်ဆို အဲ့လောက်ထိ စိုးရိမ်ပူပန်စရာမလို။ အခုက အတူတူကြိုးစားခဲ့သော memberများ၏ ရည်မှန်းချက်၊ အိပ်မက် နှင့် အနာဂတ်များကို စဉ်းစားပေးရမည်လေ။

FLAME ......Tempat cerita menjadi hidup. Temukan sekarang