Part(1)

133 4 1
                                    

FLAME ………..

which is deeply burning inside my heart ……………..

One Shot. (Sequel of I Need You by Nicole Hada.)

Starrings : Bang Yong Guk , Kim Him Chan

By Sojiro

သူရှိနေသည့်နေရာက ခြောက်သွေ့အက်ကွဲနေသော မြေကြီးပေါ်မှာ လွင့်ဝဲနေသော မီးခိုးရောင်မြူခိုးငွေ့များမှလွဲပြီး ပတ်ဝန်းကျင်မှာဘာဆိုဘာမှမရှိ။ အလင်းရောင်ကောင်းစွာ မရရှိသော မြူခိုးငွေ့များသာဖုံးလွှမ်းနေသည့် ဟင်းလင်းပြင်တခုဆိုလျှင်ပိုမှန်မည်ထင်သည်။  သူဘာကြောင့် ဒီနေရာကို ရောက်လာရလဲဆိုတာ ဘယ်လိုမှစဉ်းစားလို့မရ။ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုများ တွေ့လိုတွေ့ငြား လိုက်ရှာကြည့်ပေမယ့် မြူခိုးငွေ့များမှလွဲပြီး ဘာမှမရှိ။

ရုတ်တရက် သူ့နောက်တွင် တယောက်ယောက်ရပ်နေသလို ခံစားလိုက်ရလို့ နောက်လှည့်ကြည့်လိုက်ရာ တွေ့လိုက်ရသည်က ရှပ်အင်္ကျီအဖြူရောင်လက်ရှည်၊ မှုန်ရီညှိုးငယ်သော မျက်လုံးများ၊ ဖြူလျော့နေသာမျက်နှာနှင့် ရီဝေစွာငေးကြည့်နေသော သူ၊ ပြီးတော့ သူ့လက်မှ တစ်စက်စက်ကျနေသော အနီရောင်များ။ ထိုအနီရောင်များမှာ သူ့အကျီင်္လက်တွင်သာမက ရှပ်အဖြူတွင်လည်း  စွန်းပေနေပြီး သူ့ခြေထောက်နား တွင်လည်း ရေကွက်ကဲ့သို့ စိုရွှဲနေသည်။ သူ့မျက်နှာမှာလည်း သူခံစားနေရသောနာကျင်မှုကို  အတိုင်းသားမြင်နေရသည်ဟု သူထင်မိသည်။

"Bbang"………

တိုးတိတ်ရှတသော အသံဖြင့် သူ့နာမည်ကိုခေါ်လိုက်သော အသံ။  ထိုအသံထဲမှာ နှုတ်ဆက်ခြင်းနှင့် ဝေးကွာခြင်းများ ပါဝင်နေသည်ဟု သူထင်မိသည်။
ရုတ်တရက် စိုးရိမ်ကြောင့်လန့်ခြင်းကို အရိုးထဲစိမ့်နေအောင် ခံစားလိုက်မိပြီး သူ့လက်ကိုလှမ်းဆွဲလိုက်မိသည်။ သို့သော် သူ့လက်ကို မဖမ်းဆုပ်မိပဲ တိမ်ဆိုင်တစ်ခုကို ကိုင်တွယ်ရသလို အေးစက်စက်အငွေ့များနှင့် လေကိုသာဆုပ်ကိုင်မိခဲ့သည်။

သူထိတ်လန့်တကြား မော့ကြည့်လိုက်သောအခါ သူ့ကိုငုံကြည့်နေသည်က မျက်ရည်များပြည့်နေသည့် ဖျော့တော့သောမျက်ဝန်းတစ်စုံ။ ထို့နောက် တဖြည်းဖြည်းအဝေးသို့လွင့်သွားသည့်သူ။ အရူးတစ်ယောက်လို လိုက်ဖမ်းပေမယ့် မမှီတော့။ သူလိုက်လေ ပိုဝေးလေဖြစ်နေပြီး သူ့အနားကပ်ကာပြောသွားသလို တိုးရှသော အသံတစ်ခုသာ ကြားလိုက်ရသည်။

FLAME ......Tempat cerita menjadi hidup. Temukan sekarang