" ဒါနဲ့ လဲမယ် မင်းဆွဲကြိုးနဲ့"

ကျွန်တော်ကြည့်မိတော့ သူအရမ်းကြိုက်တဲ့ ဇာမဏီပုံ ဆွဲကြိုးလေး။

သူ့ဖေဖေက သူ့၁၄နှစ်ပြည့် မွေးနေ့တုန်းက ဝယ်ပေးထားတဲ့ ဆွဲကြိုးလေရယ်ပါ။

သူဘယ်လောက်ကြိုက်မှန်း ကျွန်တော် သိတာပေါ့။

ဒါနဲ့ လာလဲရလောက်အောင် ကျွန်တော့်ဆွဲကြိုးကို သူအရမ်းသဘောကျနေတာလား?

" Chanyeol'a"

" လဲမယ်လို့"

" Chanyeol လိုချင်ရင် အစ်ကို အသစ်ဝယ်ပေးမယ်လေ အစ်ကိုမှ စုထားတဲ့ မုန်ဖိုးတွေရှိတယ်"

ကျွန်တော် ပြောတော့ သူစုတ်သပ်လိုက်ရင်း

" မလိုချင်ဘူးးးးးးး ဒါဘဲ လိုချင်တယ်!!!"

" Chanyeol'a ကလေးလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်နေတာလဲ???"

ကျွန်တော် နည်းနည်း အသံကျယ်မိသွားတယ်

" ငါ့ကို အော်ပြန်ပြီ...... မင်းက ဘာမို့လိုအော်တာလဲ????? အပယ်ခံရဲ့!!!!!!!"

သူ့အသံက ပိုကျယ်တယ်

မြေအောက်ခန်းမို့လို့ အသံလုံတာ ကျေးဇူးတင်ရမယ်။

" sorry ကွာ အစ်ကိုမှားသွားတယ် ရပြီလား??"

" ငါ့ကို စိတ်မရှည်တဲ့ လေသံနဲ့ မပြောနဲ့"

" တကယ်တောင်းပန်ပါတယ် Chanyeol'a"

ကျွန်တော်ပြောတော့ သူက ဆူပုတ်ပုတ်နှင့် ရပ်နေသေးတယ်။

ကြည့်ရတာ ဆွဲကြိုးမရမချင်း မသွားဘူး ပုံစံနဲ့။

ကျွန်တော်လည်း ချော့ပြောဖို့ စဉ်းစားလိုက်ရင်း

" Chanyeolလေး ဒီဆွဲကြိုးကို ဒီလောက်တောင် ကြိုက်လား?"

အချိုသတ်ကာ မေးလိုက်မိတယ်။

" ဟင့်အင်း မကြိုက်ဘူး"

" အန် မကြိုက်ဘဲနဲ့ ဘာလို့ လိုချင်တာလဲ?"

" တစ်စစီ ဖျက်ဆီးပစ်ချင်လို့"

သူ ပြောတဲ့ စကားကြောင့် ကျွန်တော် သက်ပြင်းချမိတယ်။

ဒီကလေး ဘာကြောင့် ကျွန်တော့်ကို ဒီလောက်တောင် မုန်းသွားလဲ နားမလည်။

Tears For SmilesWhere stories live. Discover now