သူမ သူ့ကို စကားမ​ပြောချင်​လို့ အိတ်​ဆွဲကာ အိမ်​က​နေ ထွက်​ခဲ့သည်​ ..

တီ​လေး​က​တော့ အခန်းထဲမှာ ​နေ​နေတာမို့ သူမတို့ ဖြစ်​​နေတာ မသိလိုက်​ဘူး​လေ ..

~~~~~~~~~~

'ဟယ်​ သမီး ဘယ်​လို ဖြစ်​လာတာလဲ အထုတ်​​တွေနဲ့ '

'သူနဲ့ ရန်​ဖြစ်​ပြီး အိမ်​က ဆင်းလာခဲ့တာ ​ဖေ​ဖေ '

ဖေ​ဖေက စိတ်​ပျက်​သွားသလို ဖြစ်​သွားပြီး

'သမီးရယ်​ အိမ်​​ထောင်​​ရေးက ကစားစရာမှ မဟုတ်​တာ ​ယောကျာ်းနဲ့ရန်​ဖြစ်​တိုင်း အိမ်​က ဆင်းတာယမိန်းမ​ကောင်း​တွေရဲ့ အလုပ်​မဟုတ်​ဘူး '

ဖေ​ဖေက သက်​ပြင်း​မော တစ်​ချက်​ ချလိုက်​ပြီး

'ဘာလို့ ရန်​ဖြစ်​လာတာလဲ '

သူမ ​ဘာ​ပြောရမလဲ .သူ ကွာရှင်းမ​ပေးလို့ သူညစ်​လို့ လို့ ​ပြောလိုက်​ရမှာလားး..အဲ့လို​ပြောလိုက်​ရင်​ သူမတို့ လုပ်​ထားတဲာ ကိစ္စ​တွေ အကုန်​ ​ပေါ်ကုန်​မှာ​လေ ..

သူမ အဲ့လိုကိစ္စ​တွေကို ​ဖေ​ဖေ့ကို ဘယ်​လိုမျက်​နှာနဲ့ ​ပြောရမလဲ ...

သူမ ​ပြောချင်​​ပေမယ့်​လဲ ​ပြောလို့မဖြစ်​ပြန်​ ...

'သမီးကို သူ ရိုက်​နှက်​​နေလို့လား '

'မဟုတ်​ဘူး​ဖေ​ဖေ ဟို ...'

'ဒါမှမဟုတ်​ သူ ​ပွေရှုပ်​​နေလို့လား '

'မဟုတ်​ဘူး​ဖေ​ဖေ '

'ဒါဆို သမီး တစ်​ခုပဲ ရှိ​တော့တယ်​ .သမီး Minho ​ရောက်​လို့ စိတ်​​ပြောင်းသွားတာဆိုရင်​ ... '

'မဟုတ်​ဘူး ​ဖေ​ဖေ သမီး အဲ့လိုမိန်းက​လေး မဟုတ်​ဘူး'

'ဒါဆို ဘာ​ကြောင့်​လဲ . သမီးကို သူ စကား​ပြောတာ ​ဟောက်​ဟမ်း​ပြော​နေလို့လား '

သူမ ​ပြောရမှာ ခက်​​နေစဉ်​ ..

'ကျွန်​​တော်​ သူ့ကို လက်​နဲ့ ရိုက်​ဖို့ မ​ပြောပါနဲ့ စကားနဲ့​တောင်​ ​အော်​ပြီး မ​ပြောခဲ့ဖူးပါဘူး .ခုကလဲ သူ​ဒေါသထွက်​​နေလို့ ခဏလွတ်​​ပေးလိုက်​တာပါ ပြီးမှ ပြန်​​ခေါ်မယ်​ဆိုပြီး ခု လိုက်​​ခေါ်တာပါ .Suရယ်​ စိတ်​ဆိုးတယ်​ဆိုလဲ အိမ်​ကျ ​သေချာ ​ချော့ပါ့မယ်​ ခု​တော့ အိမ်​ပြန်​ရ​အောင်​ပါကွာ ​နော်​ '

My Beloved Lady Onde histórias criam vida. Descubra agora