'သူလား Su ချစ်​သူ​လေ '

'ဘာ !!!'

'ဟုတ်​တယ်​ Su ချစ်​သူ ရှင်​နဲ့ အလုပ်​ကိစ္စ​တွေ ပြီးသွားရင်​ သူနဲ့ လက်​ထပ်​မှာ '

'မင်းးး မင်းး '

သူက ပခုံးနှစ်​ဖက်​ကို ကိုင်​ကာ အတင်းဆွဲညစ်​​နေ​တော့ သူမ ပခုံးသား​လေး​တွေ နာလာကာ

'ရှင်​ အဲ့လို အကြမ်းပတမ်းလုပ်​​နေလို့ ရှင့်​ကို မုန်းတာ '

'ဘာ !! မင်း '

'ဟင့်​အင်း ရှင်​ လွတ်​​နော်​ .. Xing မလုပ်​နဲ့ '

သူ သူမကိုယ်​​လေးကို ​ပွေ့ဖက်​လိုက်​ပြီး သူမ မျက်​နှာ​လေး​ပေါ်ကို အနမ်း​တွေ ​ခြွေ​နေမိတယ်​ ..

'ချစ်​တယ်​ Su ရယ်​ '

သူမ သူ့လက်​ထဲက ရုန်းလိုက်​​တော့ သူက မလွတ်​ပဲ အတင်းဖက်​ထားပြီး

'ကိုယ်​ မင်းကို ချစ်​တယ်​ Su ရယ်​ '

သူမဆီက ဘာအသံမှ မကြားလို့ သူမမျက်​နှာ​လေးကို ​ကြည့်​လိုက်​​တော့

'ကိုယ်​​ပြောတာ ကြားရဲ့လား Su '

သူမက မဲ့ပြုံး ပြုံးလိုက်​ပြီး

'ကြားတယ်​​လေ ကြားလို့ ရှင့်​ကို ချစ်​စရာ အ​ကြောင်း ရှိလားလို့ စဉ်းစား​နေတာ အ​ဖြေက​တော့ minusပဲ Zhang Yixing sshi ရှင်​လို လူကို အကြမ်းပတမ်း ဆက်​ဆံပြီး လူကို ရှင်​လက်​ထဲက ​ရေလို စကားနဲ့ တစ်​မျိုး အပြုအမူနဲ့ ​စော်​ကားခဲ့တာ​​ '

'ဘာ မင်း ဘာ​ပြောတယ်​ ကိုယ်​က မင်းကို ​စော်​ကားတယ်​ မငိး သိလား ကိုယ်​ချစ်​တဲ့ မိန်းက​လေးတစ်​​ယောက်​နဲ့ ရက်​​ပေါင်းများစွာ အခန်းထဲ တူတူ ​နေလာခဲ့တာ ကိုယ်​​စော်​ကားချင်​ရင်​ အလွယ်​​လေးပါ . ဒါ​ပေမယ့်​ ကိုယ်​ မလုပ်​ခဲ့ဘူး မင်း​ပြောတဲ့ ​စော်​ကားတယ်​ဆိုတာ ကိုယ်​မင်းကို နမ်းတာကို ​ပြောတာလား ကိုယ်​မင်းကို ချစ်​လို့နမ်းတာပါ '

'အဲ့လို လုပ်​တာ ကျွန်​မမကြိုက်​ဘူး ပြီး​တော့ ရှင်​နဲ့ ကျွန်​မ အလုပ်​ပြီးဖို့ သုံးလပဲ လို​တော့တယ်​ '

My Beloved Lady Où les histoires vivent. Découvrez maintenant