Part.2

3.6K 288 5
                                    

အချိန်​ရာသီ စက်​ဝန်းတစ်​ခု.....
နွေဦးမှ ​နွေ....​နွေမှ ​ဆောင်းဦး....​ဆောင်းဦးမှ ​ဆောင်း......

သုံးနှစ်​!!!!
ထို သုံးနှစ်​ဟူ​သော အချိန်​အလှည့်​အ​ပြောင်းတစ်​ခုမှာ....
မ​ပြောင်းလဲ​သော အရာများရှိ​နေသလို ​ပြောင်းလဲသွားခဲ့တာ​တွေလဲ ရှိသည်​.....
____________________________

အ​မေမဲ့သားတစ်​​ယောက်​!!!
ဖခင်​ကလဲ ရှိ​တယ်​ဟုပဲ ဆိုရုံ​လောက်​.....

သူ၏ မိဘများ၏ အရှိန်​အဝါများ​ကြောင့်​ သူ့နံ​ဘေးတွင်​ သူ၏လိုအင်​များကို ဖြည့်​ဆည်း​ပေးရန်​ လူအများရှိ​နေပါ​သော်​လဲ စိတ်​ရင်းအမှန်​ဖြင့်​ ​စောင့်​​ရှောက်​​ပေးသူက နည်းလှသည်​...

ထိုသို့​သော လူများအကြား ကိုယ့်​ကိုကိုယ်​ ထိန်း​ကြောင်းရင်းပင်​ ကိုယ့်​စိတ်​ဓာတ်​များကို ရဲရင့်​လာ​အောင်​ မာ​ကြောလာ​အောင်​ ရင့်​ကျက်​လာ​အောင်​ အချိန်​ကပဲ သင်​ကြား​ပေးခဲ့သည်​...

ထို့​ကြောင့်​ Byun BaekHyunဆို​သော ​ကောင်​​လေးမှာ အသက်​ ၁၃နှစ်​ နှင့်​ မလိုက်​ဖက်​စွာ ရင့်​ကျက်​လွန်းလှပြီး တည်​ငြိမ်​လှသည်​....

ယခင်​ကလို အ​မေကို လွမ်းတိုင်း ငိုတတ်​​သော မျက်​ရည်​လွယ်​တတ်​​သော က​လေးမဟုတ်​​တော့...
ရယ်​စရာကြုံလာတိုင်း မျက်​လုံး​လေးပိတ်​သည်​အထိ ​လေး​ထောင့်​ပုံနှုတ်​ခမ်း​လေးဖြစ်​​အောင်​ ရယ်​တတ်​​သော ​ကောင်​က​လေး မဟုတ်​​တော့...
က​လေးဆန်​​သော ပူဆာမှုများ ဂျစ်​တိုက်​မှုများမှာ သူနှင့်​ လားလားမှ မဆိုင်​​တော့သည့်​နှယ်​........
_____________________________
Chanyeol's pov

Baekhyunဆိုတဲ့ က​လေး...
တကယ်​သနားဖို့​ကောင်းတယ်​...
Na Na arjima nimဆုံးသွားတုန်းက ညတိုင်း အိပ်​မက်​​တွေနဲ့ အမြဲ​ခြောက်​ခြား​နေပြီး မနက်​တိုင်း မျက်​ရည်​​တွေနဲ့ နိုးထလာခဲ့တာ....
TaeHyun arjushi ဝန်​ကြီးချုပ်​ရာထူးက ရပ်​ဆိုင်းခံရတုန်းကလဲ သူ့အ​ဖေ ဝါသနာပါတဲ့ အလုပ်​ စွန့်​လွှတ်​လိုက်​ရပီဆိုပြီး ညလုံး​ပေါက်​ ငိုခဲ့တဲ့ က​လေး....
နေ့တိုင်း ​ဆေးရုံကိုသွားပြီး သူ့အ​ဖေကို ထခိုင်း​နေခဲ့တာ...
ဒါ​ပေမဲ့...
သူလဲ ​စောင့်​ရလွန်းလို့လား...ခံစားရပါများလို့လား မသိ....
အခု​တော့ သူ့အ​ဖေ ​ဆေးရုံကို ​နေ့တိုင်းသွားပြီး သူ့အ​ဖေလက်​ကို လှုပ်​ပြီး နှိုး​နေတဲ့ က​လေးမဟုတ်​​တော့ဖူး....
ပျက်​ဆီးလုနီးပါး အ​ခြေအ​နေမှာ ပြန်​လည်​ အသက်​ကယ်​ထားရတဲ့ သူ့အ​ဖေရဲ့ လုပ်​ငန်း​တွေကို သူ့အရွယ်​​လေးနဲ့ မလိုက်​မဖက်​ ကျွန်​​တော့်​အ​ဖေဆီမှာ သင်​ယူ​နေပြီ...
ကျွန်​​တော်​ အသက်​ ၁၈နှစ်​မှာ​တောင်​မရှိတဲ့ ရင့်​ကျက်​မှု​တွေက ၁၃နှစ်​အရွယ်​က​လေးဆီမှာ ရှိ​နေပီဆို​တော့ သူ့ရဲ့ ရင်​ထဲ ဘယ်​​လောက်​​တောင်​ ခံစားခဲ့ရမလဲ ဆိုတာ မှန်းဆလို့​တော့ ရမယ်​ ထင်​ပါတယ်​.....
______________________________

Forgive Me Not{HAITUS}Where stories live. Discover now