Mr.Lee ရဲ့ ရယ်​သံဟာ ဧည့်​ခန်း တစ်​ခုလုံး လွမ်းမိုးသွားတယ်​ ..

'မင်းတို့ ​လောဘ​တွေ အ​တောမသတ်​နိုင်​ပါလား အရင်​တုန်းကလဲ ​ငွေလိုရင်​ ​ငွေ ​ရွှေလိုရင်​​ရွှေ ငါ အကုန်​​ပေး​နေခဲ့တာပဲ အဲ့တာကို ဘာလို့ ဒီလို လိုချင်​​လောဘ​တွေ များ​နေတာလဲ '

'ဒါက​တော့ ခင်​ဗျားတို့ စခဲ့တဲ့ ဇာတ်​လမ်း​လေ . သူများ သမီးပျို​လေးကို အငှားကိုယ်​ဝန်​​ဆောင်​ခိုင်း​တယ်​ ပြီး​တော့ ကိုယ်​ဝန်​ဖျက်​ချခိုင်းတယ်​ ပြီး​တော့ ပါးစပ်​ပိတ်​သွား​အောင်​ ပိုက်​ဆံနဲ့ ထိုးပိတ်​တယ်​ . အားလုံး ခင်​ဗျားတို့ စခဲ့တဲ့ ဇာတ်​လမ်း​တွေပဲ '

Mr.Lee ​ဒေါသကြီးစွာ ​အော်​​ပြောလိုက်​တယ်

'အငှားကိုယ်​ဝန်​​ဆောင်​ခိုင်းတာက ငါတို့ အမှားဆို​ပေမယ့်​ သူကိုယ်​တိုင်​က သ​ဘောတူခဲ့တာ ​Xing အ​ဖေကို သူကိုယ်​တိုင်​ စုံမက်​ခဲ့တာ အဲ့တာ​တွေ သူ့ကို ​မေးကြည်​လိုက်​.ပြီး​တော့ ကိုယ်​ဝန်​ဖျက်​ချခိုင်း​ပေမယ့်​ သူ့ရဲ့ မ​တော်​တဆ​ကြောင့်​ ကိုယ်​ဝန်​ ပျက်​ကျသွားတယ်​ ငါတို့က မိန်းက​လေးချင်း စာနာလို့ ဘဝ ရပ်​တည်​နိုင်​​အောင်​လို့ ​ငွေ​ပေးတာ တခြား ဘာစိတ်​မှ မရှိဘူး . အဲ့​ငွေ​ပေးတာ​ကြောင့်​လဲ ခု မင်း လက်​ထဲမှာ ရှိ​နေတဲ့ စာချုပ်​ဆိုတာ ဖြစ်​လာတာ .'

စာချုပ်​ဆိုတာ သူမတို့ Luna အ​မေ ကိုယ်​ဝန်​ပျက်​ကျပြီး ပိုက်​ဆံ​ပေးတုန်းက ​ဒီအိမ်​ကို ထပ်​ပြီး မဆက်​သွယ်​​ရ ကိုယ်​ဝန်​ကိစ္စကို ဘယ်​သူမှ မ​ပြောရဆိုပြီး ​စာချုပ်​ချုပ်​ခဲ့တာ ..

ခုကျမှ အဲ့စာချုပ်​အ​ကြောင်းကို သိသွားပြီး သူမကို လာပြီး ခြိမ်း​ခြောက်​​နေတာပင်​ ..

သူမ သက်​ပြင်း​မော တစ်​ခု ချလိုက်​ပြီး

'မင်း ဘယ်​လိုလုပ်​လုပ်​ ဒီအိမ်​နဲ့ ခြံကို မရနိုင်​ပါဘူး Lee Soo Man'

'ခင်​ဗျားက ခု​တော့ ဒီစကား​ပြောပြီ​ပေါ့ အဘွားကြီး ရတယ်​​လေ Lee Soo Ma အ​ကြောင်း သိကြ​သေးတာ​ပေါ့ ခင်​ဗျားတို့ကို တရာစွဲမယ်​ '

My Beloved Lady Tempat cerita menjadi hidup. Temukan sekarang