သူက ​ပြောပြီး ​ရေချိုးခန်းဘက်​ကို ထွက်​သွား​တော့မလို့ လုပ်​ပြီးမှ Su ဘက်​ ပြန်​လှည့်​ကာ

'မနက်​ဖြန်​ ​စော​စော ထရဦးမှာမလား မင်း အိပ်​​တော့​လေ '

'ဟို .. ရှင်​ .. '

'စိတ်​ချလက်​ချ အိပ်​ပါ ကိုယ်​ ဆိုဖာ​ပေါ်မှာပဲ အိပ်​မှာပါ '

အဲ့​တော့မှ သူမ မျက်​နှာ​လေး ကြည်​သွားပြီး

'ရှင့်​ကို ​ကျေးဇူးတင်​ပါတယ်​ '

သူမ ​ပြောပြီး ကုတင်​​ပေါ်တက်​ကာ ​စောင်​ခြုံပြီး အိပ်​လိုက်​​တော့သည်​ ...

~~~~~~~~

Alarm သံ​ကြောင့်​ သူမ နိုးလာ​ခဲ့သည်​ . နာရီကို ကြည့်​လိုက်​​တော့ မနက်​ ၅ နာရီ ...

သူမ ထလိုက်​ပြီး သူ့ကို ကြည့်​လိုက်​​တော့ ဆိုဖာ​ပေါ်မှာ အိပ်​​ပျော်​​နေဆဲ .....

သူမ ​ရေချိုးခန်းထဲ ဝင်​ကာ မျက်​နှာ သစ်​ပြီး​တော့ ​အောက်​ဆင်းခဲ့သည်​ ...

အောက်​မှာ လူ​တွေ အကုန်​ ပြင်​ဆင်​​နေကြပြီ​လေ ...လက်​ထပ်​ဆွမ်း​ကျွေးက သူတို့ ခြံထဲမှာပဲ လုပ်​မှာဆို​တော့ အားလုံး အလုပ်​လုပ်​​နေကြပြီ ...

သူမ ဘာလုပ်​ရမလဲ မသိတာနဲ့ တီ​လေးကို ရှာ​တော့လဲ မရှိ ..

သူမ ဧည့်​ခန်းထဲမှာ ခဏ ထိုင်​​နေတုန်း ​ကောင်​မ​လေးတစ်​​ယောက်​​ရောက်​လာပြီး

'မမ မိတ်​ကပ်​ဆရာမ လာ​နေပြီရှင့်​ '

'​အေး ​အေး လာပြီ '

သူမ အခန်းတစ်​ခန်းထဲမှာ ပြင်​ရသည်​ .. အားလုံး ပြင်​လို့ပြီးသွား​တော့ မိုး​တောင်​ လင်း​နေပြီ​လေ ..

ခဏအကြာ သူ ဝင်​လာပြီး

'မင်းက ဒါမျိုးကျ​တော့လဲ ဘယ်​ဆိုးလို့လဲ '

'ရှင်​ ​ဘာ​ပြောတာလဲ '

'မင်းကို လှတယ်​လို့ ​ပြောတာ '

'သိတယ်​ '

'Aww '

'ရှင်​က မပြင်​​သေးဘူးလား ပွဲက စ​တော့မှာကို '

My Beloved Lady Where stories live. Discover now