ဂျင်ကလည့်တာဝန်...

Comenzar desde el principio
                                    

"ဒါ...ဒါက..."

"အာ...အဲ့တာ ကျွန်တော်စို့ဖို့ မဟုတ်ပါဘူး"

ငင့်...ပြောပြန်ပြီ...
စကားကြီးကလည်း...။

"စို့...စို့တာ မဟုတ်ပါဘူး။
သောက်တာ သောက်တာလို့ပြောရမှာမဟုတ်
ဘူးလား..."

သူမ၏ အထစ်ထစ်အငေါ့ငေါ့စကားကြောင့်
မျက်လုံးပြူးပြူးနှင့်ကောင်လေးက...
အရိုးခံမျက်နှာလေးနှင့် နားသယ်စပ်ကို
တစ်ချက်ကုတ်လိုက်ပြီး...

"နို့စို့တာပဲပြောတာများကြတာလေ...
နို့သောက်တယ်လို့သိပ်မှမပြောကြပဲ..."

ဘာရှင်းလို့ ဘာပြောရမည်ပင် မသိတော့။
သူမပါ အူတူတူဖြစ်နေခိုက်..
ဒေသခံလူကြီးတစ်ယောက်ဝင်လာပြီး...
စောနက ကောင်လေးယူထားသော
နို့မှုန့်ထုပ်အမျိုးအစားကိုပဲ ဝယ်ရန် ဆိုင်ကောင်တာပေါ်တင်ပေးလိုက်သည်။
သူမနှင့် ရင်းနှီးသောသူဆိုတော့ ဆိုင်ရှင်ဝတ္တရား
အရ သူမဘက်မှ စကားစလိုက်သည်။

"ကလေးလေးက အခုအချိန်ဆို တော်တော်
ထွားနေလောက်ရောပေါ့..."

ကိုယ့်ကလေးကို ဂရုစိုက်မေးတာဆိုတော့
လူကြီးမျက်နှာက ချက်ချင်းရွှင်ပြုံးသွားပြီး...

"ဟုတ်ပ...
နို့မှုန့်ပြတ်လို့ကို မရတော့ဘူး..."

ထိုအခိုက် တစ်ချိန်လုံးငြိမ်နားထောင်နေသော
ကောင်လေးက...
သူ့နို့မှုန့်ထုပ်ကလေးကို သူ့ဘက်ဆွဲယူလိုက်ပြီး..

"Arjushi..
ကျွန်တော်က Arjushi စို့ဖို့မှတ်နေတာ
အဲ့နို့ကို..."

ထိုလူကြီး မျက်ကလူးဆန်ပြာနှင့် လှည့်ကြည့်
လာသည်။
ရန်ထောင်ရအောင်လည်း အခက်...
သွားဖြီးရယ်ပြရအောင်ကလည်း အခက်...။

တော်ကြာ...
နို့စို့သည်ဟုပြောခံရမှုကြောင့် လူငယ်တယောက်
နှင့် ရန်ဖြစ်သည်လို့
သတင်းပြန့်သွားကြည့်ပါလား...
အမလေးလေး...
လူကြားလို့မှမကောင်း...။

မတတ်သာလို့ မာန်လျှော့ရသည့်ဟန်ဖြင့်
လူကြီး နို့မှုန့်ထုပ်ကို ဆောင့်ကြီးအောင့်ကြီးယူ
ကာ...ပိုက်ဆံရှင်းထွက်သွားသည်။

လူကြီးကျောပြင်ကို လိုက်ကြည့်နေရင်း
ကောင်လေးက...
မျက်လုံးလေးကို ပိုပြူးလိုက်ကာ...
နို့မှုန့်ထုပ်ကလေးကို ပုတ်ပြပြီး...

ဂျင်​ကလည်​ Twelve [ZG + UN]Donde viven las historias. Descúbrelo ahora