ဂျင်ကလည့်တာဝန်...

Start from the beginning
                                    

O_0
ကိုအာလာဝက်ဝံ???
သူမ ဒီမှာ နေတာကြာပါပြီ...။
တစ်ခါမှ ကိုအာလာဝက်ဝံကို မမြင်ဖူးပါဘူး။
သိချင်စိတ်နဲ့ အပြင်လှမ်းကြည့်လိုက်တော့လဲ
လှဲနေတာဆိုလို့...
ကပြင်လေးပေါ်လှဲနေတယ့် သူတို့ကျောင်းသား
တစ်ယောက်ကလွဲပြီး တစ်ခြားသူမရှိ...။
မေးကြည့်ရအောင်ကလည်း ဒေါသထွက်နေတဲ့
ထိုကျောင်းသားလေးက လှည့်ထွက်သွားပြီး
မုန့်တွေကို ရှူးရှူးရှဲရှဲနှင့် ရှာနေသည်။

"ကိုအာလာဝက်ဝံကို ရှာနေတာလားahjumma
ရှာမနေနဲ့...
ဟိုလှဲနေတဲ့တစ်ယောက်ကိုပြောတာပဲ...။
အမြဲရောက်တဲ့နေရာမှာ ခိုတွဲပြီး ပျင်းပျင်းရိရိ
ဖြစ်နေလို့ တမင်ခေါ်တာ..."

အဖြေစကားနဲ့ အတူရှေ့ရောက်လာတာက...
အပြုံးချိုချိုနဲ့ ကောင်လေး...။
ခေါက်ဆွဲခြောက်လို လိမ်ကောက်ကောက်
ဆံပင်အမွှေးလေးတွေကို လက်နဲ့တမင်ပြန်ဖွ
လိုက်ပြီး...
ထိုကောင်လေး၏ အာရုံက ကောင်တာပေါ်
တင်ထားသော ရေညိပြားအချပ်တွေပေါ်
ရောက်သွားသည်။
ဝမ်းသာအားရဖြစ်သွားသည့်အသံနှင့်...

"ဟာ...အဲ့မုန့် အရမ်းစားကောင်းတယ်ဗျ..."

"အော်...ဟုတ်တယ်..အဲ့ရေညှိကို
အန်တီတို့ဆီမှာလဲ တအားစားကြတယ်"

"အင်း...
ကျွန်တော်လည်း အမြဲရေခဲညှပ်ညှပ်စားတာ
ရယ်...။
တစ်ခါတစ်ခါတော့ ချောကလက်နဲ့ရောဖျော်စား
တယ်..."

O_0

ရေညိပြားကို ရေခဲညပ်စားပီး ချောကလက်နဲ့လဲ
ရောစားတယ်တဲ့။
အသက်ဒီလောက်ထိ နေလာပီးပီ ခုမှပဲကြားဖူး
တော့တယ်။
ကြည့်လိုက်တော့လည်း အတည်ပြောနေသည့်
ဟန်လေးနှင့်...ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ်ြ့ပီး
ဆိုင်ထဲဆက်လျှောက်သွားသည်။

"Chenက အဲ့တိုင်းပဲ...
သူစားချင်သလိုစားတာရယ်...
အာရုံမစိုက်နေနဲ့ ahjumma..."

အထုပ်ကလေးတစ်ထုပ်ကို ကောင်တာပေါ်တင်
ပေးရင်း...မျက်လုံးပြူးပြူး အရပ်ပုပုနှင့်
ကောင်လေးက ဆိုလာပြန်သည်။
သူမ အံ့အားသင့်သွားရပြန်၏...။
Innocentမျက်နှာလေးနှင့် ထိုကောင်လေးကို
အံ့အားသင့်သွားရသည်တော့မဟုတ်ပါ။
သူမကို အံ့အားသင့်သွားစေသည်က...
ထိုကောင်လေး ကောင်တာပေါ်တင်ပေးလိုက်
သော အထုပ်ကလေးကြောင့်...။
ကောင်လေးတင်ပေးလိုက်သော အထုပ်ကလေး
က...ကလေးတွေသောက်သည့် နို့မှုန့်ထုပ်
ကလေး။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now